“ သာသနာ့ရောင်ခြည် ”: သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - ပဉ္စမအကြိမ် အလှူတော်

Wednesday, May 12, 2010

သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - ပဉ္စမအကြိမ် အလှူတော်

-၁၃၇၁ ပြာသိုလဆန်း ၁၂ ရက် - တနင်္ဂနွေနေ့
- 27 December 2009 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့၏ ပဉ္စမအကြိမ်အလှူတော်အား “ဖားအောက်တောရ ကျောင်းတော်” နှင့် “Clementi ဘုန်းတော်ကြီးကျောင်း” တို့တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ မူလစီစဉ်ထားသည့် အတိုင်း ဖားအောက်တောရ ကျောင်းတော် တွင်လည်း နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ၊ Clementi ဘုန်းတော်ကြီး ကျောင်းတော်တွင်လည်း နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော် ခဲ့ကြပါသည်။ သာသနာ့ ရောင်ခြည် အဖွဲ့ဝင်များ နှစ်ဖွဲ့ခွဲပြီး လှူဒါန်းမှုကို အားတက်သရော ပြုလုပ်ခဲ့ကြပါတယ်။

 ချက်ကြ ပြုတ်ကြ၊ ဆေးကြ ကြောကြ။ (ဖားအောက်တောရ)

သားသတ်လွတ် နေ့ဆွမ်း။ (ဖားအောက်တောရ)

နေ့ဆွမ်း ဆက်ကပ်။ (ဖားအောက်တောရ)

အတူတကွ တရားနာယူကြစဉ်။ (ဖားအောက်တောရ)

ဆရာတော်များ နေ့ဆွမ်း ဘုဉ်းပေးနေကြစဉ်။ (Clementi)

ဆရာတော်များ နေ့ဆွမ်း ဘုဉ်းပေးနေကြစဉ်။ (Clementi)

ရောင်ခြည်တော်ကို အခုလို နောက်တကြိမ် ထပ်ဖွင့်ခဲ့ကြပါသေးတယ်။

အလှူငွေ ထည့်သူထည့်၊ ကောက်သူကောက်။

စားတဲ့သူတွေက စားပေါ့ဗျာ...း)

တို့လည်း စားမယ် ချန်မထားနဲ့။

“အလှူတော်သို့လာရောက်ကြသူ မိတ်ဆွေအပေါင်းအား ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ဒံပေါက်ဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။” 

အဖွဲ့ဝင်အင်အား တောင့်တင်းလာသည်နှင့်အမျှ လှူဒါန်းမှုများမှာလည်း အင်မတန်ကို အားရစရာ ကောင်းလှပါသည်။ သာသနာ့ရောင်ခြည်အဖွဲ့၏ ပဉ္စမအကြိမ်မြောက် အလှူတော်ကို အခုလို နေရာနှစ်နေရာ ခွဲ၍ အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ကြပါသည်။
“နတ်လူ သာဓု ခေါ်စေသောဝ်...”

No comments:

Post a Comment