“ သာသနာ့ရောင်ခြည် ”: သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - စတင်မွေးဖွားခြင်း

Friday, May 7, 2010

သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - စတင်မွေးဖွားခြင်း

- ၁၃၇၀ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် - တနင်္ဂနွေနေ့
- 4 October 2009 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့ ဒုတိယအကြိမ်မြောက်အလှူတော်
ဒီနေ့ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့၊ အားလပ်ရက် တနင်္ဂနွေနေ့ ဖြစ်သည့် အားလျော်စွာ Clementi မြန်မာဘုန်းတော်ကြီး ကျောင်းတွင်လည်း လှူဒါန်းသူများ၊ တရားနာသူများနှင့် ပြည့်ကျပ်လျက် ရှိနေပါတယ်။ အချို့ဘုန်းတော်ကြီးများမှာ ကြိုတင်ပင့်ဖိတ်မှုများ ရှိရာ အလှူရှင်များ နေအိမ်သို့ ကြွရောက် နေကြသလို အချို့မှာလည်း ကျောင်းတော်၌ပင် တရားပေးလျက် ရှိနေကြပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း အဖွဲ့မှာလည်း စုလို့ရသမျှ အလှူငွေရယ် အရင် လက်ကျန်ငွေ တချို့ရယ် ပေါင်းစုပြီး အားတက်သရော ချက်ပြုတ်ကာ နေ့ဆွမ်း ကပ်ခဲ့ကြသလို အချို့ကို ကျောင်းဝေယျာဝစ္စအတွက် ခွဲဝေ လှူဒါန်း ခဲ့ကြပါတယ်။ လှူဒါန်းသူ များပြားသောကြောင့် ဘုန်းကြီးတပါးကိုသာ ဆွမ်းကပ်လှူခွင့် ရရှိခဲ့ပါတယ်။

စေတနာပါပါနဲ့ ချက်လိုက်ကြပုံများ အခုလို ဆွမ်းဟင်းတွေအများကြီးဖြစ်လာတယ်။

အခုလို ဒုတိယအကြိမ်မြောက် ရောင်တော်ဖွင့် ကုသိုလ်ယူခဲ့ကြပါသေးတယ်။

အမျိုးသမီးများပါ မကျန်။

ရောင်တော်ဖွင့်ပြီး အခုလို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရပါတယ်။

ဒီအဖွဲ့က ကုသိုလ်ရေးမှာ လက်မနှေးသလို...း)


တရားတော် နာယူနေခြင်း။

ကျောင်းဝေယျဝစ္စအတွက် အဖွဲ့ကိုယ်စား ဦးကြည်စိုးမှ လှူဒါန်းခြင်း။

“အရှင်ဘုရား... တပည့်တော်တို့ အဖွဲ့အတွက် အဖွဲ့နာမည်လေး တစ်ခုလောက် သတ်မှတ်ပေးပါဘုရား။” ဟု ဆရာတော်အား လျှောက်ထားရာ ...
ဆရာတော်မှ --- “သာသနာတော်အကျိုးအား စုပေါင်း၍ အားတက်သရော ဆောင်ရွက် ကုသိုလ်ယူ နေကြသလို ဘုရား ရောင်ခြည်တော်ကိုလည်း အကြိမ်ကြိမ်ဖွင့်နေကြ၍ ဤနေ့ဤရက်မှ စ၍ အဖွဲ့အား “သာသနာ့ ရောင်ခြည်” ဟု အမည်တွင်စေသတည်း....” ဟု မြွက်ကြားတော် မူခဲ့ပါတယ်။

No comments:

Post a Comment