“ သာသနာ့ရောင်ခြည် ”: 2010

Thursday, December 2, 2010

- Toa Payoh ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမည့် ဗန်းမော် ဆရာတော်ဘုရားကြီး၏ တရားပွဲ


ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့.......
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗုဒ္ဓစာပေပါရဂူ ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ ပဋ္ဌာန်းဒေသနာနှင့် ဓမ္မစင်္ကြာ တရားပွဲကြီးကို စင်္ကာပူနိုင်ငံတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
 
ကျင်းပမည့်နေရာ
Toa Payoh ဘုန်းကြီးကျောင်း၊
(စင်္ကာပူနိုင်ငံ မြန်မာ ဘုန်းတော်ကြီးကျောင်း)

Burmese Buddhist Temple (Topayoh) 14 Tai Gin Road.

ကျင်းပမည့်နေ့ရက်နှင့် အချိန်များ

ပဋ္ဌာန်းတရားပွဲ --- ၂-၁၂-၂၀၁၀ ---- ကြာသပတေးနေ့--ည ၇ မှ ၈း၃၀ ထိ
ပဋ္ဌာန်းတရားပွဲ --- ၃-၁၂-၂၀၁၀ ---- သောကြာနေ့     --ည ၇  မှ ၈း၃၀ ထိ
ဓမ္မစင်္ကြာတရားပွဲ--၄-၁၂-၂၀၁၀ ---- စနေနေ့            --ည ၆း၃၀ မှ ၈း၃၀ ထိ
ပဋ္ဌာန်းတရားပွဲ --- ၅-၁၂-၂၀၁၀ ---  တနင်္ဂနွေနေ့       --ည ၇  မှ ၈း၃၀ ထိ
ပဋ္ဌာန်းတရားပွဲ --- ၆-၁၂-၂၀၁၀ ---  တနင်္လာနေ့        --ည ၆း၃၀ မှ ၈း၀၀ ထိ
ကမ္ဘာ့ပဋ္ဌာန်းပူဇော်ပွဲကြီး--၆-၁၂-၂၀၁၀ --- တနင်္လာနေ့ -- ည၈း၀၀ မှ ၈း၃၀ နာရီထိ

တရားပွဲဖြစ်မြောက်ရေးအတွက် ဆက်သွယ်လှူဒါန်းရန်-
ကိုဝင်းထွန်းဆင့်        ၉၀၂၂၃၆၄၃

ကိုအောင်ပြည့်စုံအေး  ၉၁၁၉၇၃၆၁
ဦးထင်ကျော်            ၉၄၂၄၂၉၆၁
မကြည်ပြာဝင်း          ၉၄၈၉၄၆၂၂-- POSB Savings 189691882
မသီသီဝင့်ဝါကို         ၉၁၀၅၅၄၄၄-- POSB Savings 245834047
ဦးကျော်လွင် (Dhammadownload) ၉၇၃၆၅၀၃၄
ဦးကျော်ဝဏ္ဏ            ၈၂၃၆၉၁၅၉
ဦးသန်းမြင့်ဦး            ၉၂၉၅၉၅၁၀
ဒေါ်ခင်မမ                ၉၇၃၃၄၃၀၂   ထံသို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်
တရားပွဲများကို 
http://www.lotusdhamma.blogspot.com/
http://www.lotusfoundationmm.org/
http://livedhamma.com
အဖြူရောင်သံစဉ် http://www.apytz.net/  တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
 
Flight Details
1/12/2010 – Silk Air (MI517) Terminal 2
- Arrival Time To Singapore - 21:15 pm (Singapore)

7/12/2010 – Silk Air (MI518) Terminal 2
- Departure Time from Singapore - 2:20pm (Singapore)

 Email မှ တဆင့် ဖြန့်ဝေ၍ ကုသိုလ်ယူပါသည်။

Friday, October 1, 2010

- ၂၀၁၀ အောက်တိုဘာလ တရားပွဲများ

သာသနာ့နွယ်ဝင် သူတော်စင်များ တရားဘာဝနာ နာယူနိုင်ရန်-

စင်္ကာပူမှာ မကြာခင် ကျင်းပပြုလုပ်မယ့် တရားပွဲသတင်းများကို လက်လှမ်းမီသလောက် စုစည်း တင်ပြပေးလိုက်ပါတယ်။

Dhamma Talk Session-1
Date: 2 Oct 2010                                           
Monk: Ashin Pyin Nyar Sekkha (from Jayamangala Buddhist Vihara - Clementi Temple)
Place: Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT)
Time: 5:30pm to 7:30pm

Dhamma Talk Session-2
Date: 3 Oct 2010
Monk: Dr-Ashin-Jayatissa (from ThitSarParyami)
Place: 12 Science Center Rd, Infomatics Campus, Blk A, #02-12, Jurong East MRT
Time: 9am to 6pm

Dhamma Talk Session-3
Date: 3 Oct 2010
Monk: Sayadaw U Siri Dhamma (from Sasanaramsi Burmese Buddhist Temple)
Place: Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT)
Time: 5:00pm to 7:00pm

Dhamma Talk Session-4
Date: 3 Oct 2010
Monk: Sitagu Sayadaw Dr U Nyanissara
Place: Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT)
Time: 7:30pm to 9:00pm

အားလုံးပဲ ကုသိုလ်ယူနိုင်ကြပါစေ...
http://dhammadownload.com မှ ကူးယူဖော်ပြလိုက်ပါတယ်။

Tuesday, September 28, 2010

- သာသနာ့ရောင်ခြည် (၁၄)ကြိမ်မြောက်အလှူတော် အတွက်နိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေများခင်ဗျား...

သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ)ရဲ့ (၁၄)ကြိမ်မြောက်အလှူတော်ကို လာမည့် တနင်္ဂနွေနေ့ အောက်တိုဘာလ-၃ ရက်၊ ၁၃၇၂-ခုနှစ် တော်သလင်းလပြည့်ကျော် (၁၀)ရက် နံနက် (၁၀)နာရီ အချိန်မှာ “ညောင်ကန်အေးသာသနာ့ရိပ်သာ” Room 141, Level-02, Block-209, Yishun Street 21 တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကြိုတင် အသိပေး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား...
ဘုန်းတော်ကြီးများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းပြီးနောက် ရေစက်ချတရား နာကြားကြမှာ ဖြစ်သလို လာရောက်ကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်း သာသနာ့ရောင်ခြည်အဖွဲ့မှ ဒံပေါက်များ၊ အအေးများဖြင့် ဧည့်ခံ ကျွေးမွေးကုသိုလ် ယူမှာ ဖြစ်တဲ့အတွက် သာသနာ့ရောင်ခြည်အဖွဲ့ဝင်များ နှင့်အတူ ကြွရောက် ကုသိုလ် ယူနိုင်ကြရန် ကြိုတင် အသိပေးအပ်ပါတယ် ခင်ဗျား...။

Tuesday, September 21, 2010

- သာသနာ့ရောင်ခြည် (၁၃) ကြိမ်မြောက်အလှူတော်

- ၁၃၇၂ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၄ ရက် - တနင်္ဂနွေနေ့
- 29 August 2010 - Sunday

ဒီတလမှာလည်း သာသနာ့ရောင်ခြည်ရဲ့ လစဉ်လှူဒါန်းခြင်း ကုသိုလ်ကောင်းမှုကို “ညောင်ကန်အေးသာသနာ့ရိပ်သာ” Room 141, Level-02, Block-209, Yishun Street 21 မှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်များက ဆွမ်းဟင်းများ ချက်ပြုတ်ကာ နံနက် (၁၁) နာရီခန့်မှာ ဆရာတော်များအား အရုဏ်ဆွမ်း ကပ်လှူခဲ့ကြပါတယ်။ ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်း အုန်းနို့ခေါက်ဆွဲများ၊ ဖျော်ရည် အအေးများနဲ့ အားပါးတရ ဧည့်ခံခဲ့ကြပါတယ်။ အဲဒီနေ့က မိုးလေးကလည်း တဖွဲဖွဲကျနေပြီး ရာသီဥတုလေးက အေးနေတော့ အုန်းနို့ခေါက်ဆွဲပူပူလေးကို အားပါးတရ သုံးဆောင်နေကြတာတော့ အားရစရာပဲဗျို့။ မအားမလပ်တဲ့ ကြားကတောင်မှ ကုသိုလ်ရေးဆို လက်မနှေးတတ်တဲ့ အဖွဲ့ဝင်များကလည်း ပျော်ပျော်ပါးပါး သိုက်သိုက်ဝန်းဝန်းပေါ့ဗျာ... ချက်ပြုတ်တဲ့သူတွေ၊ ဆေးကြောတဲ့သူတွေ။ သန့်ရှင်ရေးလုပ်နေတဲ့သူတွေ၊ ဧည့်ခံတဲ့သူကဧည့်ခံ၊ စားတဲ့သူကစားနဲ့ တကယ်ကို စည်စည်ကားကားပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်တဲ့သူတွေကလည်း လှူချင် တန်းချင်တဲ့ စိတ်က မပြတ်နိုင်တော့ သူငယ်ချင်းတွေက တဆင့် အလှူငွေတွေ ထည့်ဝင်လှူဒါန်းနေကြတာလည်း တွေ့ကြရပါတယ်။
အားလုံး ကုသိုလ် ပွားများနိုင်အောင် မှတ်တမ်းတင် ဓါတ်ပုံတချို့ကို တင်ပြပေးလိုက်ပါတယ်...

ညောင်ကန်အေး ဘုန်းကြီးကျောင်း (Yishun)

ချက်ကြ ပြုတ်ကြ

ဆွမ်းဟင်းများ ပြင်ဆင်ပြီး

ဆွမ်းကပ်ကြမယ်...

ဆွမ်းဆပ်ကပ် လှူဒါန်းနေစဉ်။

ဆွမ်းဆပ်ကပ် လှူဒါန်းနေစဉ်။

ဆွမ်းဆပ်ကပ် လှူဒါန်းနေစဉ်။

ဆရာတော်များ ဆွမ်းဘုဉ်းပေးနေစဉ်။

ဆရာတော်များ ဆွမ်းဘုဉ်းပေးနေစဉ်။

ဆွမ်းဟင်းများ ဖြည့်တဲ့သူကဖြည့်။

အုန်းနို့ခေါက်ဆွဲကို အားပါးတရ။


စားပြီး သောက်ပြီး။


စုဝေးတိုင်ပင်ရင်း။

ပျော်ပျော်ရွှင်ရွှင်။

ကုသိုလ်ရေးမို့ လက်မနှေး။

ဆရာတော်ထံမှ တရား နာကြား။

တရားတော်များ နာကြားနေစဉ်။

တရားတော်များ နာကြားနေစဉ်။

ဘုန်းကြီးကျောင်းဝေယျဝစ္စအတွက် စင်္ကာပူဒေါ်လာ (၄၀၀)  ကိုလည်း ဆပ်ကပ်လှူဒါန်း ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဆရာတော်ထံမှ ရေစက်ချ တရားနာကြားကာ သာသနာ့ရောင်ခြည်ရဲ့ ၁၃-ကြိမ်မြောက် အလှူပွဲလေးကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါတယ်။ အခုလို လစဉ် ကုသိုလ်ကောင်းမှု လှူဒါန်းမှု များကို အစဉ်အလာမပြတ် ပြုလုပ်နိုင်လို့ ၀မ်းသာပီတိဖြစ်မိသလို သာသနာ့ ရောင်ခြည်အဖွဲ့ (စင်္ကာပူ)လည်း ရေရှည်တည်တံ့ကာ ကုသိုလ်ကောင်းမှုများကို ဆထက်တပိုး လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းရင်း....

Monday, August 30, 2010

ယမမင်းထံ အစစ်ခံ သံပေါက်

ဘကြီးတော်မင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းတို့ လက်ထက်တွင် ပေါ်ထွန်းတော်မူခဲ့သော ထွဍ်ခေါင်ဆရာတော်ဘုရားမှ မြန်မာလူမျိုးများ အလှူအတန်းနှင့် ပတ်သက်၍ “ယမမင်းထံ အစစ်ခံ” သံပေါက်တွင် ယခုလို ဆုံးမခဲ့သည်။

(ယမမင်း)          သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါအုန်းကွယ်။
(ယောက်ျား)       သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်။
(ယမမင်း)          လှူသောအခါ၊ စေတနာ၊ သုံးဖြာညီသလားကွယ်။
(ယောက်ျား)       သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာလျှောက်တော့မယ်။
                       ကျွန်တော်အလှူ၊ ကြွေးတွေပူ၊ ငွေကူမျှော်မိတယ်၊
                       ကူငွေနဲ့သာ ငါလှူတာ၊ တေမိပါရင် တော်ရော့မယ်၊
                       ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။
(ယမမင်း)          ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါသလားကွယ်။
(ယောက်ျား)       ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍၊ကျွေးခဲ့တယ်၊
                       မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး၊ ကျွေးရတယ်၊
                       လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး၊ ခင်းပေးတယ်၊
                       သည်ကိုဟိုကို၊ ကြွပါဗျို့၊ ဗျို့ဗျာမစဲ၊ ခေါ်ခဲ့တယ်၊
                       ကွမ်းဆေး၊လက်ဖက်၊ ဆီအက်အက်၊ ဝက်နှင့်ကြက်သား၊ 
                       ကျွေးခဲ့တယ်၊
                       ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။
(ယမမင်း)          မင်းအလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်၊
                       ပရိက္ခရာ ဆောင်ရန်မှာ၊ ကောင်းစွာလှူသလားကွယ်။
(ယောက်ျား)       ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ၊ ဝယ်ပေးတယ်။
(ယမမင်း)          လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါသလားကွယ်။
(ယောက်ျား)       လှူသောအခါ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။
(ယမမင်း)          ပစ္စည်းကုန်တာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်၊
                       ဘုန်းကြီးပင့်လမ်း၊ အလယ်လမ်း၊ ပြောစမ်းပါဦးကွယ်၊
                       အကျင့်သိက္ခာ၊ရွေးချယ်ကာ၊တော်ရာကိုယ်တော်ပင့်လားကွယ်။
(ယောက်ျား)       သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာနာမှ ပင့်ခဲ့တယ်၊
                       နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်၊
                       သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်၊         
                       တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
(အပင့်ခံဘုန်းကြီး  ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလဲကွယ်၊
အပြော)             ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက်ကွမ်းစားတယ်၊
                       ငှက်ပျောအုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
(ယောက်ျား)        သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်မှ၊ ပင့်ခဲ့တယ်၊
                       ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ၊ ပင့်ကြတယ်။
(ယမမင်း)           အမောင်လှူတာ၊ ဗလာချာ၊ တော်စမ်းပါဦးကွယ်။

ကိုးကား  -          အရှင်ဇဝန -မေတ္တာရှင်(ရွှေပြည်သာ)
                       လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (နှာ၃၆)
                      

Wednesday, August 25, 2010

- သာသနာ့ရောင်ခြည် (၁၃)ကြိမ်မြောက်အလှူတော် အတွက်နိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့သားများနှင့် ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ)ရဲ့ (၁၃)ကြိမ်မြောက်အလှူတော်ကို လာမည့် တနင်္ဂနွေနေ့ သြဂုတ်လ-၂၉ ရက် နံနက် (၁၀)နာရီမှာ Yishun (ညောင်ကန်အေး သာသနာ့ ရိပ်သာ) Yishun Street 21,  Block 209 - Level 2 - Room 141 တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကြိုတင် အသိပေး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား...
ဘုန်းတော်ကြီးများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းပြီးနောက် ရေစက်ချတရား နာကြားကြမှာ ဖြစ်သလို လာရောက်ကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်း အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံ ကျွေးမွေးကုသိုလ် ယူမှာ ဖြစ်ပါတယ် ဆိုတာလည်း အသိပေးအပ်ပါတယ် ခင်ဗျား...။

Friday, August 20, 2010

- သာသနာ့ရောင်ခြည် (၁၂) ကြိမ်မြောက်အလှူတော်

-၁၃၇၂ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၆ ရက် -တနင်္ဂနွေနေ့
-1 August 2010 Sunday
သာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၂ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ clementi (ဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကို မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ အဖွဲ့ဝင် မသစ်သစ်ဟန် မှ ဒီနေ့ ဆွမ်းဟင်းနှင့် မုန့်ဟင်းခါးကို လှူဒါန်းကုသိုလ်ယူပါတယ်။
ဝါဆိုအချိန်အခါကျရောက်တာမို့ ကျွန်တော်တို့ သာသနာ့ရောင်ခြည် အဖွဲ့သူ၊အဖွဲ့သားများဟာ သံဃာတော်အရှင်မြတ်များကို ဝါဆိုသင်္ကန်းအလှူတော် ဆပ်ကပ်လှူဒါန်းခဲ့ ကြပါတယ်။ အခုလို ဒါန၊သီလ၊ဘာဝနာကောင်းမှုတွေကို  ဆထပ်ထမ်းပိုး အတူတကွ ဆက်လက်လုပ်ဆောင်ကြဖို့ တိုက်တွန်းရင်း
မှတ်တမ်းဓါတ်ပုံများအား ဆက်လက်ကြည့်ရှုကာ ကုသိုလ်ပွားများနိုင်ကြပါစေ။ 

၁၂ ကြိမ်မြောက်မှတ်တမ်းဓါတ်ပုံများ

 ဆွမ်းဆက်ကပ်လှူဒါန်းနေစဉ်

 ဆရာတော်မှ ချီးမြှောက်နေစဉ်

 အားပေးနေသော ဓမ္မမိတ်ဆွေများ

 ကြွရောက်လာသော ဓမ္မမိတ်ဆွေများ

 ဝေယျာဝစ္စကုသိုလ်ယူနေသော အဖွဲ့ဝင်များ

 ဝါဆိုသင်္ကန်းကပ်လှူနေစဉ်

ဇောတိကလို ပေါကြွယ်ဝစေဖို့

 ဆရာတော်မှ တရားချီးမြှင့်နေစဉ်

 အမျှဝေရေစက်ချ

 အလှူငွေများ ပေးအပ်နေစဉ်

တစ်နှစ်မှသည် ကမ္ဘာတည်မည့် သာသနာ့ရောင်ခြည်

တစ်နှစ်မှသည် ကမ္ဘာတည်မည့် သာသနာရောင်ခြည်
တနေ့သောခါ
ခြင်္သေ့ရွာဝယ်
လူငယ်တစ်ပင်း
ပေါင်းစည်းရင်းက
ဓမ္မသဘော
နှီးနှောဖြစ်၏။
 
ဒို့တွေခုခါ
တပြည်ရေခြား
မိဝေးဖကွာ
ဆွေမျိုးမနီး
ခါးသီးဒုက္ခ
ရင်ဆိုင်ရသည်
မောပန်းလာသော်
ရိပ်ခိုနားမည်
ဆာယာအေးရိပ်
ဘုရားရိပ်ဝယ်
အပူအပေါင်း
အေးစေကြောင်း
ဘယာအပေါင်း
ဝေးစေကြောင်း။

ပစ္စည်းအာရုံ
ကာမဂုဏ်ဝယ်
စွဲလမ်းရစ်တွယ်
ထိန်းမလွယ်တဲ့
ပုထုဇဉ်အရူး
တဏှာပူးကာ
အဝိဇ္ဇာမှောင်မိုက်
ဒီစိတ်မိုက်ကို
တရားရေအေး
အမြိုက်ဆေး
တိုက်ကျွေးကာသာ
ဆုံးမရာ။
 
စသည်စသည်
ကောင်းဖို့မှန်းရည်
ပေါင်းစုကြံသည့်
ရည်ရွယ်ချက်မူ
စိတ်တူညီသည့်
လူငယ်တစ်စု
စပြုခဲ့သည့်
အဖွဲ့တခု
ငွားစွန့်ခဲ့သည်
စင်္ကာပူရ
ကျွန်းဌာနမဟီ
အောင်နိမိတ်ရည်သည်
အောင်ရမည်တည်း။

ဘုရားသာသနာ
တခြားဌာဝယ်
ရောင်ဝါထိန်ပြောင်း
ထွန်းစေကြောင်းဟု
ကောင်းမှုအမွန်
တောင်းဆုရွှင်ကာ
ဘုန်းဘုရားနှုတ်မြွက်
ချီးမြှင့်အပ်သည်
သာသနာရောင်ခြည်
ဖွဲ့မည်တွင်သတည်း။
 
စတင်သည်မှ
မစဲဝင်လာ
မိတ်သဟာတို့
မနည်းသဒ္ဓါ
စိတ်စေတနာကြောင့်
သာသနာ့ရောင်ခြည်
ပွားစည်ပင်သည်
လူမှုခြေခံ
သာသနာရံကာ
ဘာသာကျိုးဝယ်
ရေလှူမှစ
ဆေးဝါးအလှူ
တို့စွမ်းကူသည်
ရင်ဝယ်ပီတိ
လွှမ်းပါဘိ။
 
မပြတ်တစ်လ
ဆက်ခဲ့ကြသည်
ရှေ့သို့ချီမည်
တည်မည်ကမ္ဘာ
ကြုံလာခက်ခဲ
တို့မခွဲဘဲ
လက်ကိုမြဲကာ
ရည်မှန်းရာသို့
တို့သွားသည်မှာ
တစ်နှစ်ခါလည်
ပြည့်ခဲ့ပြီ
လှူဒါန်းအစု
ကောင်းမှုထုကို
သာသနာ့ရောင်ခြည်
ပေးမျှဝေသည်
သောင်းစကြာဝဠာ
လှိုက်စေသော်ဝ်
နတ်လူသာဓု
ခေါ်စေသော်ဝ်။  ။
 
ကိုဇင်မင်းငြိမ်း

Friday, July 30, 2010

- (၁၂)ကြိမ်မြောက်အလှူတော် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့ဝင်များနှင့် အားလုံးသော ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့ဟာ ကုသိုလ်ဒါနများ အလှူအတန်းများ လူမှုရေးကူညီမှုများ ကို စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ အားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့ကြတာ အခုဆို (၁၂)ကြိမ်မြောက် ဆီသို့ ဦးတည်နေပါပြီ။ အားလုံးဟာလည်း လာမည့် (၁၂)ကြိမ်မြောက်အတွက် အားတက်သရောနဲ့ ဆွေးနွေး တိုင်ပင်နေကြပါတယ်။ တချို့ အဖွဲ့ဝင်များမှာလည်း ဖုန်းဆက်ပြီး အခြေအနေများကို စုံစမ်းနေတယ်ဆိုတာ သိရပါတယ်။ ဒီတခါ (၁၂)ကြိမ်မြောက်မှာ ဘယ်လို ကုသိုလ် ကောင်းမှုတွေ လုပ်ကြမလဲပေါ့...
အဲဒီလိုနဲ့ အဖွဲ့ဝင်လူကြီးများနဲ့အတူ အားလုံးရဲ့သဘောကလည်း ဝါဆိုဝါကပ်ကြမယ့် ရဟန်း သံဃာတော်များအား "၀ါဆိုသင်္ကန်း" ကပ်လှူဖို့ ဆန္ဒရှိနေကြပါတယ်။
ဒါကြောင့်  သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၁၂)ကြိမ်မြောက်အလှူဒါနအဖြစ် "၀ါဆိုသင်္ကန်း" ကပ်လှူခြင်း အခမ်းအနားကို လာမည့် သြဂုတ်လ (၁)ရက် တနင်္ဂနွေနေ့ မှာ စင်္ကာပူ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (Clementi) တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဘုန်းတော်ကြီးများအား ယခင်လများအတိုင်း အရုဏ်ဆွမ်းကပ်ကြမှာ ဖြစ်တဲ့အတွက်  အားလုံးသော ဓမ္မမိတ်ဆွေများနှင့် အဖွဲ့ဝင်များအား ကြွရောက် ကုသိုလ်ယူကြပါရန် အသိပေး နှိုးဆော် လိုက်ရပါတယ် ခင်ဗျား... (အဖွဲ့ဝင်များအနေနဲ့ နံနက် (၁၀)နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်း၌ စုဝေး ပြင်ဆင်ကြမှာ ဖြစ်ပါတယ်)
ဝါဆိုသင်္ကန်း ကပ်လှူခြင်းအပြင် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများကိုလည်း မုန့်ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေး ကုသိုလ်ယူမှာ ဖြစ်ပါတယ် ခင်ဗျား....

Friday, July 16, 2010

- သာသနာရောင်ခြည် (၁၁)ကြိမ်မြောက်အလှူတော်

-၁၃၇၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၈ ရက် -တနင်္ဂနွေနေ့
-4 July 2010 Sunday
သာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၁ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ clementi (ဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကိုလည်း သာသနာ့ရောင်ခြည် အဖွဲ့ဝင် ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ပါတယ်။ ထို့နောက် ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ ထံမှ တရားတော်များနာကြားကာ ရေစက်ချ အမျှဝေခဲ့ကြပါတယ်။
"စိတ်ဆန်းကြယ်လို့ ၊ ကံဆန်းကြယ်တယ်၊
ကံဆန်းကြယ်လို့၊ အကျိုးပေး ဆန်းကြယ်တယ်"
ဆရာတော်မှ သနားသဖြင့်ချီးမြှင့်သော တရားဆောင်ပုဒ်ဖြစ်ပါတယ်။

သာသနာ့ရောင်ခြည်အဖွဲ့ဟာ ခုဆိုရင် တစ်နှစ်တင်းတင်း ပြည့်ကာနီးပါပြီ၊ လာမယ့် အကြိမ် ဟာဆိုရင် ၁၂ ကြိမ်မြောက် ဖြစ်ပါတယ်။ သာသနာတည်သရွေ့ သာသနာ့ရောင်ခြည်အဖွဲ့ တည်တံ့အောင် ကြိုးစားကြမယ် လို့ အဓိဌာန်ပြုရင်း ညီညီညာညာ ဆက်ချီကာ သာသနာ့ဝန်ကို ဆထက်ထမ်းပိုး ရွက်ဆောင်ကြပါစို့။

( ၁၁ ) ကြိမ်မြောက် မှတ်တမ်းဓါတ်ပုံများ

 ဆွမ်းဆပ်ကပ်နေစဉ်

ဝေယျာဝစ္စ ကုသိုလ်ယူနေစဉ်

ဝေယျာဝစ္စ ကုသိုလ် ပြုနေသော အဖွဲ့ဝင်များ

ဓမ္မမိတ်ဆွေများအား ဒါနပြုနေစဉ်

ဆရာတော်ထံမှ တရားနာယူနေစဉ်

နဝကမ္မဆက်ကပ်လှူဒါန်းနေစဉ်

Thursday, July 1, 2010

- (၁၁)ကြိမ်မြောက် အလှူတော်အတွက် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့သားများနှင့် ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ)ရဲ့ (၁၁)ကြိမ်မြောက်အလှူတော်ကို လာမည့် တနင်္ဂနွေနေ့ ဇူလိုင်လ-၄ ရက်နေ့ နံနက် (၁၀)နာရီမှာ Clementi မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကြိုတင် အသိပေး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား...
ဘုန်းတော်ကြီးများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းမှုပြုလုပ်ပြီး ရေစက်ချတရား နာကြားကြမှာ ဖြစ်သလို လာရောက်ကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်း ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ဧည့်ခံ ကျွေးမွေးကုသိုလ် ယူမှာ ဖြစ်ပါတယ် ဆိုတာလည်း အသိပေးအပ်ပါတယ် ခင်ဗျား...။
ဒီတစ်ပါတ်မှာလည်း အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက် ကုသိုလ်ယူကြမယ်ဆိုတာ ယုံကြည်ရင်း...

Tuesday, June 29, 2010

- နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်းခြင်း

ဒီလထဲမှာပဲ သာသနာ့ရောင်ခြည်အဖွဲ့ (စင်္ကာပူ)ဟာ လက်ခံရရှိထားတဲ့ အလှူငွေတချို့နဲ့ လှူဒါန်းမှုတစ်ခု အောင်မြင်စွာ ထပ်မံပြုလုပ်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ  ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းသို့ သောက်သုံးရေ ရှားပါးသော မရှိနွမ်းပါး နယ်မြို့များ အတွက် ရေအလှူငွေ စင်္ကာပူဒေါ်လာ ၅၀၀ အား (၁၂-၆-၂၀၁၀) နေ့တွင် အဖွဲ့ဝင် ဦးဝင်းနိုင်ရဲ့ ဇနီး ဒေါ်မြတ်မြတ်စိုးက ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးအပ် လှူဒါန်း ခဲ့ပါတယ်။

သောက်သုံးရေ ရှားပါးခြင်း
လွန်ခဲ့တဲ့ မေလဆန်းပိုင်းလောက်က စပြီး မြန်မာနိုင်ငံမှာ အပူချိန်လွန်ကဲမှု ဖြစ်ပေါ်ကာ ဒေသတချို့မှာ သောက်သုံးရေ ရှားပါးပြီး အချို့ဒေသများမှာ သောက်သုံးရေ ပြတ်လပ်သည်အထိ ဖြစ်ခဲ့ကြတာကို သတင်းအမျိုးမျိုး၊ အီးမေးလ်အသွယ်သွယ်၊ ဓါတ်ပုံ အစုံစုံမှတဆင့် ကြားသိခဲ့ရတာ တော်တော်ကို စိတ်မကောင်း ဖြစ်ခဲ့မိကြပါတယ်...။ အင်းလေးကန် ခန်းခြောက်မှုကိုတောင် အံ့သြဖွယ်ရာ တွေ့မြင် ခဲ့ကြရပါတယ်။
ဒီလိုအခက်အခဲ ဘေးဒုက္ခတွေ ကြုံတွေ့လာကြတော့ ကျန်အများပြည်သူများလည်း မနေနိုင်တော့ပါ။ လက်ရှိ ရှိနေသော လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော NGO အဖွဲ့များသာမက အဖွဲ့အသစ်များပါ ထပ်မံဖွဲ့စည်းခဲ့ကြပြီး တတ်နိုင်သမျှ လုပ်နိုင်သမျှ စွမ်းဆောင်နိုင်သမျှ လုပ်အား ငွေအား စတာတွေနဲ့ သွားရောက် ကူညီခဲ့ကြတာကိုလည်း အားတက် ကြည်နူးဖွယ် တွေ့ခဲ့ကြပါတယ်။
အခုလို အများပြည်သူတွေ အကူအညီနဲ့ ဒေသခံတွေပူပေါင်းပြီး  သောက်သုံးရေများကို နည်းမျိုးစုံ (မီးသတ်ကား၊ ရေစည်လှည်း၊ သောက်ရေသန့်ဗူး၊ စည်ပိုင်းများ... စသဖြင့်) နဲ့ သွားရောက် လှူဒါန်း ကုသိုလ်ယူခဲ့ကြပါတယ်။  ဒါ့အပြင် အချို့ဒေသတွေမှာ သောက်ရေတွင်းများတူး၊ အချို့နေရာတွေမှာ သောက်ရေကန်များတည်... အဲဒီလို ကိုယ်ထူကိုယ်ထ ဆောင်ရွက်လိုက်ကြတာလည်း တကယ်ကို အားတက်စရာပါပဲ။ ယခင် ရေတွင်း ရေကန် မရှိသော ဒေသများမှာပင် ယခု သီးသန့် ရေတွင်း ရေကန်များ နဲ့ အဆင်ပြေပြေ ဖြစ်စေခဲ့ပါတယ်။
ပြည်တွင်းကလူတွေ အခုလို အားတက်သရော လုပ်ခဲ့ကြသလို ပြည်ပရောက် မျိုးချစ်မြန်မာတွေကရော...
ဒီလိုပါပဲ... သူတို့တွေလည်း အဖွဲ့အစည်းတွေဖွဲ့ကြ အလှူငွေတွေကောက်ခံကြ သတင်းတွေဆော်သြကြနဲ့ သူများအတွက် အလုပ်လုပ်နေကြရင်းနဲ့ပင် ကိုယ့်အတွက် (နောင်ဘ၀အထိပါမယ့် ကုသိုလ်) လည်း အားတက်သရော လုပ်ခဲ့ကြပါတယ်။ တချို့အဖွဲ့တွေဆို အပတ်စဉ် ရေအလှူ ဆိုပြီး မြန်မာမှာ ရှိတဲ့ အဖွဲ့တွေ၊ လူခံတွေကို အလှူငွေတွေ လွှဲပို့ပေးခဲ့ကြပါတယ်။
အဲဒီအထဲမှာ ကျွန်တော်တို့ သာသနာ့ရောင်ခြည်(စင်္ကာပူ) အဖွဲ့ဟာလည်း ဘာသာ သာသနာရေးတွင် သာမက လူမှုရေးမှာပါ တစ်တပ်တစ်အား ပါဝင် ကုသိုလ်ယူခဲ့ကြပါတယ်။ ရေအလှူမှာ စွမ်းစွမ်းတမံ ပါဝင် ကုသိုလ်ယူဆောင်ရွက်နေကြတဲ့ အဖွဲ့တွေထဲမှ တဖွဲ့ဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) အား အလှူငွေ ထည့်ဝင်လှူဒါန်းပြီး ကုသိုလ်ယူနိုင်ခဲ့ပါတယ်။
အခြေအနေ အကြောင်းကြောင်းကြောင့် အမိမြေမှာ မခိုကပ်နိုင်ပေမယ့် မွေးရပ်အမိမြေကိုတော့ ဘယ်သူက ဥပက္ခာပြု လစ်လျူရှူ နေနိုင်မှာလဲလေ...

 သာသနာ့ရောင်ခြည်(စင်္ကာပူ) အဖွဲ့ရဲ့ လှူဒါန်းမှုကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အခုလို လက်ခံ ခဲ့ပါတယ်...။
အလှူငွေလက်ခံ စာရင်း

လှူဒါန်းမှုအား လက်ခံရယူနေစဉ် - ၁

 လှူဒါန်းမှုအား လက်ခံရယူနေစဉ်- ၂


 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေး ဆောင်ရွက်မှု မှတ်တမ်းများ

ရေခန်းခြောက်မှု၊ သောက်သုံးရေရှားပါးမှု များကို အောက်ပါမှတ်တမ်းများမှာ ကြည့်ရှူနိုင်ပါတယ်...
၁။ ဧရာဝတီ သတင်း-၁
၂။ ဧရာဝတီ သတင်း-၂
၃။ မိုးမခ သတင်း
၎။ ဗားမား ဒီဗွီဘီ သတင်း
၅။ မဇ္ဈိမ သတင်း
၆။ ခေတ်ပြိုင် သတင်း

*နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လက်ရှိ ဆောင်ရွက်နေမှု မှတ်တမ်းတချို့အား ဖော်ပြပေးလိုက်ပါတယ်။
>>> နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မှတ်တမ်းတင် ဓါတ်ပုံတချို့ <<<

Thursday, June 10, 2010

- အရှင်ဦးဥာဏိဿရ တရားပွဲ သတင်း

ဓမ္မမိတ်ဆွေများခင်ဗျား...
စင်္ကာပူ၌ ပြုလုပ်မည့် သီတဂူဆရာတော်ရဲ့ တရားပွဲသတင်းအား ကုသိုလ်ပွားများ နိုင်ရန် အတွက် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်ပေးလိုက်ပါတယ် ခင်ဗျား....

SayaDaw U Nyanissara (D.Litt)
သပိတ်အိုင်ဆရာတော်
သဲကုန်းဆရာတော်
သီတဂူဆရာတော်
စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ
အရှင်ဦးဥာဏိဿရ တရားပွဲ သတင်း
 
Dear Brothers and Sisters,
We would like to inform you that Sitagu Shin Nyanisara's Dhamma Talk will be held in Singapore as per following programme. All of you are warmly invited.

Dhamma Talk Session -1
               9 Chwee Chian Road Singapore 117488
Date &Time: 10th June, 2010 Thursday - 7pm to 9 pm
Shuttle bus and Guide will be provided at the Habour Front MRT Exit-A
Please note: There is no place to park for private car.

Dhamma Talk Session -2
Location: Informatics Campus12 Science Center Road, S609080 (near Jurong East MRT) 
Date & Time: 12th June, 2010 Saturday - 7pm to 8:30 pm
 
With Metta,
Sitagu Dhamma Service Group

(www.dhammadownload.com) မှ ကူယူဖော်ပြပါသည်။

သူငယ်ချင်း တယောက်ထဲက ရတဲ့ ဖိတ်စာပါ...
အားလုံးပဲ ကုသိုလ် ပွားများနိုင်ကြပါစေ...

Wednesday, June 9, 2010

- သာသနာ့ရောင်ခြည် - (၁၀) ကြိမ်မြောက် အလှူတော်

- ၁၃၇၂ ခုနှစ် နယုန်လပြည့်ကျော် ၃ ရက် - တနင်္ဂနွေနေ့
- 30 May 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) ရဲ့ (၁၀) ကြိမ်မြောက် အလှူပွဲကို မေလ (၃၀) ရက်မှာ Clementi ကျောင်းတော်တွင် ကျင်းပခဲ့ပါတယ်။
အခမ်းအနား စတင်ကာနီးမှာ စင်္ကာပူမိုးက သည်းသည်းမည်းမည်း ရွာနေပါတယ်။ ဆရာတော်တွေအတွက် ချက်ပြုတ်ထားသည့် ဟင်းများကို သယ်ရင်း မိုးရွာထဲ တက္ကစီ ငှား၊ ထူးကြီးဆရာတော် တရားပွဲကလည်း ရှိနေတော့ စီစဉ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် ကျင်းပဖို့ မိုးနဲ့အပြိုင် ကြဲရပါတော့တယ်။
ဘုန်းကြီးကျောင်းရောက်တော့ ချက်ထားတဲ့ ဟင်းတွေ နွေးရင် ဟင်းနံ့တွေ ခန်းမထဲဝင်မှာလည်း စိုး ရသေးတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အရ ဟင်းတွေ ပြန်နွေးဖို့ ခွင့်ပြုခဲ့ပါတယ်။ (ခွင့်ပြုခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်)။
ကဲ အားလုံးပြီးတော့ ဆရာတော်ကို ဆွမ်းကပ်မယ်၊ ဓမ္မမိတ်ဆွေတွေကိုလည်း ဧည့်ခံမယ့် သူက ဧည့်ခံမယ်ပေါ့။ ဒါနဲ့ အဖွဲ့ဝင်တွေ နည်းနေလို့ မေးကြည့်တော့ စာမေးပွဲရှိလို့တဲ့။ အင်း စင်္ကာပူမှာ ရာထူးတက်ဖို့ လစာကောင်းဖို့ ကြိုးစားကြရတာ ဆိုတော့လည်း ဟုတ်တာပေါ့။ ဆုတောင်းပေးပါတယ် အစ်ကိုတွေ၊ အစ်မတွေ ဖြေနိုင်ကြပါစေ၊ ရာထူးမြန်မြန်တက်ပြီး လစာတွေ များများရပါစေ၊ အပိုဆုငွေ (BONUS) တွေလည်း များများရပါစေလို့။ :) ဒါမှ အလှူငွေတွေ ဒီထက်လှူနိုင်ကြမှာ ကောင်းမှုကုသိုလ်တွေလည်း ဆထက်တိုးပြီး လုပ်နိုင်ကြမှာ။ ပြီးတော့ နေရာစုံ လှူဒါန်းချင်တဲ့ သာသနာ့ရောင်ခြည်အဖွဲ့ ရဲ့ ရည်မှန်းချက်တွေ မြန်မြန် အကောင်အထည်ဖော်နိုင်တာပေါ့။
ဒီနေ့ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်တွေကို ဆွမ်းဆက်ကပ် ပြုစု လုပ်ကျွေးရတာ ကြည်ကြည်နူးနူး ဝမ်းမြောက်မိပါတယ်။ ကျောင်းထိုင်ဆရာတော်ဘုရားနဲ့ အမေရိကမှာ သီတင်းသုံးနေကြသော သီရိလင်္ကာမှ အာဂန္တုဆရာတော် နှစ်ပါးကို နေ့ဆွမ်းများ ကပ်လှူကြပါတယ်။ အာဂန္တု ဆရာတော် နှစ်ပါးက အသီးအရွက် အားပြု ဘုဉ်းပေးတာတွေ့တော့ မြန်မာဆန်ဆန် ချက်ပြုတ်ထားတဲ့ အသားဆွမ်းဟင်းများများ ကပ်ထားတဲ့ ဆွမ်းပွဲ ကို စိုးရိမ်တကြီး ကြည့်မိကြပါတယ်။ ဆရာတော်များကလည်း ဘုရားသားတော်များ ပီပီ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ” ဆိုတဲ့ ဘုရားရှင် ဆုံးမတော် မူခဲ့သည့် အတိုင်း အာဟာရ အပေါ်မှာ ဆင်ခြင်ပြီး သင့်တင့်စွာ နှလုံးသွင်း ဘုဉ်းပေးသွားတော့ စိတ်ထဲ တော်တော် ကြည်ညိုမိသွားပါတယ်။
ဒီနေ့တော့ ကျွန်တော်တို့ သာသနာ့ရောင်ခြည် အဖွဲ့နှင့်အတူ ကြွရောက်လာကြသူများအား Clementi ကျောင်းထိုင်ဆရာတော်အပြင် သီရိလင်္ကာ ရဟန်းတော် ဘဒ္ဒန္တ အရှင်ကောဏ္ဍည အရှင်မြတ်မှလည်း အင်္ဂလိပ် ဘာသာဖြင့်တရားတော်များ ဟောကြား ချီးမြှင့်ခဲ့ပါတယ်။
ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေတွေကိုလည်း ဒံပေါက်၊ ထမင်း၊ ဟင်းမျိုးစုံ၊ အချိုရည်မျိုးစုံ စ တာတွေနဲ့ အားပါးတရ ဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။ အခြား အသစ်ပါဝင်လာသော ကုသိုလ်ရှင်များနဲ့ တရားပွဲအတွက် ၀ီရိယနဲ့အတူ စောရောက်လာသော တရားနာပရိတ်သတ် အချို့ကိုလည်း ဒါနပြုနိုင်ခဲ့လို့ ၀မ်းသာပီတိ ဖြစ်ခဲ့ကြပါတယ်။
သူတို့တွေရဲ့ စားရင်းသောက်ရင်း “သာဓု” ခေါ်သံလေးတွေ ကြားလိုက်မိတော့ စိတ်ထဲမှာ အတိုင်းအထက် အလွန်ကို ပီတိ သောမနဿ ဖြစ်မိတာ အမှန်ပါ။

“အမှတ်တမဲ့ ရိုက်ချက်အချို့နဲ့အတူ အမှတ်ရကာ ကုသိုလ်စိတ်ပွားရင်း”

ဆွမ်းဟင်းများ ချက်ပြုတ်နေသော အဖွဲ့သားများ

ဆွမ်းဟင်းများက ဖွယ်ဖွယ်ရာရာ

ဘုရား ရောင်ခြည်တော် ဖွင့်ကြတာလည်း အခါခါ

ဘုရား ရောင်ခြည်တော် ဖွင့်နေကြသော အဖွဲ့သားများ

ဆရာတော်များအား ဆွမ်းဆပ်ကပ် လှူဒါန်းနေစဉ်

အချိုပွဲများ

ဟောဒီလို ဒံပေါက်တွေကို

အားပါးတရ ကျွေးမွေးခဲ့ပါတယ်

တစ်ယောက်တစ်လက် ကုသိုလ်ယူနေပုံများ ကြည်နူးစရာ

ဆရာတော်ထံမှ တရားနာယူနေစဉ်

ဆရာတော်ထံမှ တရားနာယူနေခြင်း

ဘဒ္ဒန္တ ကောဏ္ဍညမထေရ် မှ တရားဟောကြားနေစဉ်

ရေစက်သွန်းချ အမျှဝေနေစဉ်

ဘုန်းတော်ကြီးကျောင်း ဝေယျာဝစ္စ အတွက် ၀တ္ထုငွေအချို့ လှူဒါန်းကာ ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ ထံမှ ရေစက်ချတရား နာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေ သာဓု (၃)ကြိမ် ခေါ်ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါတယ်။
 ကျွန်တော်တို့ အဖွဲ့လေးဟာ ကုသိုလ်ကောင်းမှု အလှူဒါနများကို အတူတကွ လက်တွဲ၊ စည်းစည်းလုံးလုံး တက်ညီလက်ညီ ပြုလုပ်လာခဲ့ကြတာ အခုဆိုရင် (၁၀)ကြိမ်မြောက်တိုင်အောင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ တစ်ကြိမ်ထက် တစ်ကြိမ် အဖွဲ့ဝင်အသစ်များ တိုးပွားလာသလို အဖွဲ့ဝင်များရဲ့ နီးစပ်ရာ သူငယ်ချင်းများမှလည်း စေတနာ သဒ္ဒါတရား ထက်သန်စွာနဲ့ လှူဒါန်းငွေများ ထည့်ဝင်ကြတာကို အားတက် ကြည်ညိုဖွယ်ရာ တွေ့မြင်ရပါတယ်။ ဓမ္မမိတ်ဆွေအားလုံးလည်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အခုလို စာရင်း ပြုစုတင်ပြပေးလိုက်ပါတယ်..

လှူဒါန်းငွေ အစုစု

စဉ်
အလှူရှင်အမည်
အလှူငွေ
၁။ ဦးဝင်းနိုင် ၁၀ S$
၂။ မရတနာစုမြတ် ၁၀ S$
၃။ ကိုအောင်သိန်းထွန်း ၂၀ S$
၎။ မကြိုင်သဇင်ဦး ၁၀ S$
၅။ မနွယ်နွယ်ဦး ၁၀ S$
၆။ မယဉ်ယဉ်မွန် ၁၀ S$
၇။ ကိုအောင်မြတ်ကျော် ၂၀ S$
၈။ မဇာဇာအောင် ၂၀ S$
၉။ မဥမ္မာမြင့် ၂၀ S$
၁၀။ ကိုအောင်မြင့် ၃၀ S$
၁၁။ မအေးမွန်သူ ၂၀ S$
၁၂။ ကိုသက်နိုင်ဝင်း ၂၀ S$
၁၃။ မစုမွန် ၂၀ S$
၁၄။ ကိုထွန်းထွန်းကျော် ၂၆.၂၅ S$
၁၅။ ကိုကျော်ကျော်သောင်း ၂၅ S$
၁၆။ မဇာခြည်ဝင်း ၂၀ S$
၁၇။ မငြိမ်းငြိမ်းအေး ၂၀ S$
၁၈။ ကိုထွန်းကျော် ၂၀ S$
၁၉။ မနွယ်နှင့် သူငယ်ချင်းများ ၂၀ S$
၂၀။ မတင်မာဝေ ၁၀ S$
၂၁။ မကေသီစိုး ၁၀ S$
၂၂။ ကိုလှထွန်းဖြူ ၁၀ S$
၂၃။ ကိုဇော်မျိုးအောင် ၂၀ S$
၂၄။ ကိုအောင်မြင့်နိုင် ၃၀ S$
၂၅။ ကိုခင်မောင်သန်း+မခင်ခင်နွယ် ၃၀ S$
၂၆။ မတင်တင်ချို ၁၀ S$
၂၇။ မခင်စုကျော် ၁၀ S$
၂၈။ ကိုမြတ်ကို ၂၀ S$
စုစုပေါင်း ရရှိအလှူငွေ
၅၀၁.၂၅ S$

သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၁၀)ကြိမ်မြောက် အလှူတော်ကို အားလုံးလည်း သာဓုခေါ်ကာ ကုသိုလ်ယူ ကြည်ညိုသဒ္ဒါပွားရင်း နောင်လာမည့် (၁၁)ကြိမ်မြောက် အလှူတော်ကို ဇွန်လ ၂၇ ရက် တနင်္ဂနွေနေ့ တွင် ပြုလုပ်ရန် ဆွေးနွေး တိုင်ပင် ထားကြောင်း ကြိုတင် အသိပေး နှိုးဆော်လိုက်ပါတယ် ခင်ဗျား...
(ဘလော့ဂ်အတွက် လိုအပ်သည်များကို ရှာဖွေရင်း၊ စာရင်း ပြုစုရင်းနဲ့ ယခု ပို့စ် နောက်ကျခြင်း အတွက် အားလုံးကို အဖွဲ့ကိုယ်စား တောင်ပန်လိုပါတယ်။)
***အချို့မှတ်တမ်းတင် ဓါတ်ပုံများကို Online Album တစ်ခု ပြုလုပ်၍ မကြာခင် ကြည့်ရှုကုသိုလ်ယူနိုင်ရန် ကြိုးစားနေကြောင်း***