- ၁၃၇၁ နတ်တော်လဆန်း ၁၃ ရက် - တနင်္ဂနွေနေ့
- 29 November 2009 - Sundayသာသနာ့ရောင်ခြည်အဖွဲ့၏ စတုတ္ထအကြိမ်မြောက် အလှူကို ယခင်အပတ်မှ တိုင်ပင်ထားကြသည့်အတိုင်း ၂၉-၁၁-၀၉ (တနင်္ဂနွေနေ့) နေ့တွင် Clementi မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ် ကြပါသည်။ ဖိတ်ကြားထားသူများနှင့် အဖွဲ့ဝင်အားလုံးနီးပါး သိုက်သိုက် မြိုက်မြိုက် စည်စည်ကားကားဖြင့် တက်ရောက်ပြီး သာဓုအနုမောဒနာ ခေါ်ဆိုကြသည့် အတွက် အထူးပင်ဝမ်းမြောက် ၀မ်းသာ ဖြစ်ခဲ့ကြပါသည်။
“စည်လုံးခြင်းသည် အင်အား” ဆိုသည့်အတိုင်း အင်အားကြီးမားလာသည်နှင့်အမျှ အဖွဲ့ဝင်ကိုယ်စီတိုင်း၌ သာသနာ့ရောင်ခြည်အဖွဲ့ ရေရှည် ဆက်လက်တည်တံ့ အောင် ကြိုးပမ်းအားထုတ်ရန် တာဝန် ရှိလာပါသည်။
“ပို၍ ပို၍ ကြည်ညိုဖွယ်ရာကောင်းလာသော ဗုဒ္ဓရုပ်ပွားတော်မြတ်”
အခုလို အဖွဲ့ဝင်များ စုံစုံညီညီ ဆွမ်းခဲဖွယ် ဘောဇဉ် ကပ်ခဲ့ကြပါတယ်။
အလွန်အင်မတန်မှ များပြားလှသော ကြည်ညိုဖွယ်ရာ ဆွမ်းဟင်းများ။
ဆရာတော်များမှ အားပါးတရ ဆွမ်းဘုဉ်းပေးနေကြစဉ်။
ပျော်ပျော်ပါးပါး...
သူ့ထက်ငါဦးအောင်...
အားပါးတရ...
အပြိုင်အဆိုင်...
စည်းစည်းလုံးလုံး တရားဘာဝနာ ပွားများကြ။
ကိုမျိုးခိုင်မှ ရေစက်ချ အမျှဝေနေစဉ်။
ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းမှ အန္တရာယ်ကင်း ပရိတ်ချည်များ အဆောင်ပေးခဲ့ပါတယ်။
စားလိုက်ကြတာဗျာ... တကယ်ကို အားရပါးရပဲ...
ကြည့်ပြီးတော့ ထပ်စားချင်စိတ်တောင် ပေါက်လာတယ်... တကယ်ပါ...း)
ကြည့်ပြီးတော့ ထပ်စားချင်စိတ်တောင် ပေါက်လာတယ်... တကယ်ပါ...း)
“အလှူတော်သို့လာရောက်ကြသူ မိတ်ဆွေအပေါင်းအား ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ဒံပေါက်ဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။”
ယခု စုစုပေါင်း လှူဒါန်းငွေ စင်ကာပူ ဒေါ်လာ (၆၀၄) ဒေါ်လာ လက်ခံ ရရှိပါသည်။ လှူဒါန်းမှု အစုစုအတွက် ကုန်ကျငွေ စင်ကာပူ ဒေါ်လာ (၄၃၉.၁၈)ဒေါ်လာဖြစ်ပြီး၊ လက်ကျန်ငွေ စင်ကာပူဒေါ်လာ (၁၆၄.၈၂)ဒေါ်လာ ဖြစ်ပါသည်။ပဉ္စမအကြိမ်မြောက် အလှူတော်အားလည်း လာမည့် ၂၇.၁၂.၀၉ - တနင်္ဂနွေနေ့ ( ဖားအောက် တောရ ကျောင်းတော် ) တွင် ပြုလုပ်ကြရန် အားလုံးမှာ ဆန္ဒရှိနေကြကြောင်း တိုင်ပင်ခဲ့ကြပါသည်။
No comments:
Post a Comment