“ သာသနာ့ရောင်ခြည် ”: သာသနာ့ရောင်ခြည်အဖွဲ့ (စင်္ကာပူ) - (၉)ကြိမ်မြောက် အလှူတော်

Wednesday, May 19, 2010

သာသနာ့ရောင်ခြည်အဖွဲ့ (စင်္ကာပူ) - (၉)ကြိမ်မြောက် အလှူတော်

- ၁၃၇၂ ခုနှစ် ကဆုန်လပြည့်ကျော် ၅ ရက် - တနင်္ဂနွေနေ့
- 2 May 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့ (စင်္ကာပူ) ရဲ့ (၉) ကြိမ်မြောက် အလှူတော်ကို April လတွင် ပြုလုပ်ရန် ရည်ရွယ် ထားခဲ့ ကြသော်လည်း Clementi ဘုန်းတော်ကြီးကျောင်း၌ မင်္ဂလာဆွမ်းကပ် အစီအစဉ် တစ်ခု ရှိနေ၍ တစ်ပတ် နောက်တိုးကာ မေလ (၂) ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပါသည်။
ဤရက်ပိုင်းတွင် ရက်ရွှေသည့်အတွက် အချို့ အဖွဲ့ဝင်များအား ဆက်သွယ် သတင်းပေးမှု အားနည်းခဲ့ သော်လည်း အဖွဲ့ဝင်များစွာ စုံစုံညီညီ တက်ရောက်တာကိုတွေ့ရ၍ အားလုံး ၀မ်းသာကြည်နူး ခဲ့ကြပါတယ်။
အဖွဲ့ဝင်များအား ဒီတပတ်မှာ မုန့်ဟင်းခါး နှင့် ကုသိုလ်လုပ်ကာ ဘုန်းတော်ကြီးကျောင်းအား လာရောက်သမျှ ဓမ္မမိတ်ဆွေများအားလည်း  ဧည့်ခံ ကျွေးမွေး ကုသိုလ်ယူခဲ့ကြပါတယ်။

ဆွမ်းကပ်နေစဉ်။

အဖွဲ့ဝင် လူကြီးများ ဆွမ်းကပ်သလို...

လူငယ်များလည်း...

အခုလို တက်ညီလက်ညီ ကုသိုလ် ယူခဲ့ကြပါတယ်။

ဆရာတော်များ ဆွမ်းဘုဉ်းပေးနေကြစဉ်။

ဆရာတော်(၂)ပါးကလည်း အားရပါးရ တရားပေးခဲ့ကြပါတယ်။

ဆရာတော်တွေရဲ့ တရားတော်များအား နာကြားမှတ်သား ခဲ့ကြပါတယ်။

အဖွဲ့ကိုယ်စား ကိုဝင်းနိုင်မှ ဘုန်းတော်ကြီးကျောင်းအတွက် ၀တ္ထုငွေ ကပ်လှူခဲ့ပါတယ်။

 ရေစက်ချတရား နာယူနေကြစဉ်။

အခုလို ဘုန်းတော်ကြီးများအား နေ့ဆွမ်းကပ်၊ အဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေများအား မုန့်ဟင်းခါးနှင့် ဧည့်ခံ ကျွေးမွေး၊ ဗုဒ္ဓတရားတော် များနာကြား၊ ရေစက်ချအမျှဝေခြင်းများအပြင် ၀ိပဿနာတရား အားထုတ်ခြင်း အလုပ်ဖြစ်သော တရားထိုင်ခြင်းကိုပါ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် န၀ကမ္မအလှူငွေ စင်္ကာပူဒေါ်လာ (၅၀၀) ကို သံဃာ့ကုသိုလ်ဖြစ် ဆေးခန်းအတွက် ရွှေပြည်ဟိန်းဆရာတော်အား  လှူဒါန်းခဲ့ကြပါသေးတယ်။
နောက်လာမယ့် သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၁၀)ကြိမ်မြောက် အလှူတော် ကိုလည်း Clementi ဘုန်းတော်ကြီးကျောင်း၌ မေလ (၃၀)ရက် - တနင်္ဂနွေနေ့တွင် ပြုလုပ်ရန် အားလုံးတိုင်ပင် သဘောတူ ခဲ့ကြပါတယ်။ လိုအပ်သည့် တာဝန်များကိုလည်း ညီညွတ်စွာ ခွဲဝေမျှယူ ခဲ့ကြပါတယ်...

1 comment:

  1. (၉) ကြိမ်မြောက်အတွက် ဓါတ်ပုံများ ပို့ပေးသော ကိုထွန်းကျော်ကို အထူးကျေးဇူးတင် ပါတယ်...

    ReplyDelete