သာသနာ့ရောင်ခြည်အဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေများခင်ဗျား......
လာမည့် မေလ (၃၀) ရက် တနင်္ဂနွေနေ့တွင် သာသနာ့ရောင်ခြည်အဖွဲ့၏ (၁၀) ကြိမ်မြောက်အလှူတော်ကို clementi ကျောင်းတော်၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
- အလှူအတန်းအစီအစဉ်များမှာ နေ့ခင်း (၁၁)နာရီ တွင် ဆရာတော်အား နေ့ဆွမ်း ဆက်ကပ်ပါမည်။
- ကြွရောက်လာသော ဓမ္မမိတ်ဆွေများကို မနက် (၉:၃၀) နာရီမှ စတင်၍ ဒံပေါက် ဖြင့် ဧည့်ခံပါမည်။
- ထို့နောက် ဆရာတော်အား လှူဒါန်းဖွယ်ရာများ ဆက်ကပ် လှူဒါန်းပြီးနောက် ဆရာတော်ထံမှ ရေစက်ချတရား စုပေါင်းနာယူ ကြမှာ ဖြစ်ပါသည်။
( ဓမ္မမိတ်ဆွေများအားလုံးခင်ဗျား Clementi ကျောင်းတော်တွင် နေ့ခင်းပိုင်း ၁နာရီ ၌ ထူးကြီးဆရာတော်တရားပွဲ ရှိပါသဖြင့် သာသနာ့ရောင်ခြည်၏ အလှူတော်ကို နေ့ခင်း ၁၂ နာရီတွင် ပြီးစီးအောင် ကျင်းပမည်ဖြစ်ရာ ဓမ္မမိတ်ဆွေများအားလုံး စောစောကြွရောက်ကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။ )
No comments:
Post a Comment