“ သာသနာ့ရောင်ခြည် ”: သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - (၇) ကြိမ်မြောက် အလှူတော်

Saturday, May 15, 2010

သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - (၇) ကြိမ်မြောက် အလှူတော်

“ဒီလမှာတော့ သာသနာ့ရောင်ခြည်အဖွဲ့ဟာ အင်မတန်ကို အားတက်စရာ ကောင်းလောက်အောင် ကြိုးစားခဲ့ကြပါတယ်။ စင်္ကာပူတွင်သာမက မြန်မာပြည်မှာပါ အလှူတခုကို ထပ်တိုးပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။” 

- ၁၃၇၁ တပို့တွဲလပြည့်ကျော် ၉ ရက် - တနင်္ဂနွေနေ့
- 7 February 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ.သားများ၏ အမိမြေမှာ ပထဆုံးအလှူအဖြစ် မန္တလေးမြို.၊ ရှမ်းဝိုင်းရပ်ကွက်၊ ဒါနပတိအရုဏ်ဆွမ်းကပ်အသင်းမှ ကြီးမှူး ဆက်ကပ်သည့် (၁၁၄) ကြိမ်မြောက် အရုဏ်ဆွမ်း အတွက် အလှူရှင်အနေနဲ့ ကုသိုလ်ဒါန ပြုခဲ.ကြပါတယ်။ ရှမ်းဝိုင်းရပ်ကွက်မှ လူငယ်များ၊ အမျိုးသမီးများ၊ ကလေးသူငယ်များပါမကျန် လုပ်အားဒါန ပေးလှူကြသည်မှာလည်း မန္တလေးဆောင်းရဲ. အရိုးကွဲမတတ် အေးသော တပို.တွဲလကို မေ့လျော့နေကြသည် အထိ တက်တက်ကြွကြွ ရှိလှပါတယ်။ အရုဏ် တက်ပါပြီ ဆိုကတည်းက ရပ်ကွက်ဝန်းကျင် ကျောင်းတိုက်အသီးသီး (မြတောင်တိုက်၊ ဝေယံဘုံသာတိုက်၊ ပတ္တမြားတိုက်၊ ဝိသုဒ္ဓါရုံတိုက်၊ ကင်းဝန်မင်းကြီးတိုက်၊ မစိုးရိမ်တိုက်သစ်/တိုက်ဟောင်း) များမှ စာသင်၊ စာချ ဆရာတော်များ၊ သာသာနာ့ရင်သွေးငယ် ကိုရင်ငယ်လေးများ ကြွရောက်လာကြသည်။ များပြားလှသော သံဃာထုမှာ နေရာထိုင်ခင်း မလစ်လပ်ရအောင် တစ်ပါးဝင်တစ်ပါးထွက်  ဘုဉ်းပေးလိုက်တာ ပံ့သကူဝက်သား အချိန်သုံးဆယ် နဲ့ ဆွမ်းဆန် (၄၃)ပြည် ကုန်တဲ့အထိပါဘဲဗျာ။
စာသင်တိုက်သံဃာတော်တွေရဲ. အရုဏ်ဆွမ်း ခက်ခဲမှုတွေကို တဖက်တလှမ်းမှ ဖြည့်ဆည်းပေးနေသော “ဒါနပတိ”လို အသင်းတွေ စာသင်သားသံဃာပေါများသော မြို.အသီးသီးမှာ ရှိဖို့လိုအပ်သလို ထောက်ပံ့ ပေးနေသော “သာသနာ့ရောင်ခြည်” လို လူငယ်အသင်းတွေလည်း များစွာ လိုအပ်လှပါတယ်။ မြတ်စွာဘုရားရှင် သာသနာတော်ကို အခုလို ဆရာတပည့် လက်တွဲညီညီ ကြိုးစားပါမှ သာသနာ အရှည်တည်ပါမယ်။ သာသနာ အရှည်တည်ပါမှ မဂ်လေးတန်၊ ဖိုလ်လေးတန်တရားများ အရှည်တည်ပါမယ်။ မဂ္ဂင်ရှစ်ပါးတရား တည်တံ့မှသာ ဗုဒ္ဓဘာသာ သူတော်စင်တို့လိုလားရာ၊ တောင့်တရာ ရွှေပြည်နိဗ္ဗာန် စခန်းတက်လှမ်း  သံသရာလမ်းဆုံး  ဒုက္ခသုဉ်းပါမယ်။

လှူဖွယ်ပစ္စည်းဒါနအစုစုနဲ့ မှတ်တမ်းတင်ဓါတ်ပုံများအား ကြည်ညိုရင်း ပုဗ္ဗ၊ မုဉ္စ၊ ပရစေတနာဦးစီးသော ပရစေတနာကို အဖန်တလဲလဲ ဆင်ခြင်ကာ အာစိဏ္ဏကံ ကုသိုလ်များ ရရှိပြီး  ပြည်နိဗ္ဗာန် တက်လှမ်း နိုင်ကြပါစေ။

ဓမ္မာရုံရှေ့။

ကြက်သွန်ကြော်။

ဝက်သားဟင်း။

ဝက်သား၊ သရက်သီးသုပ်၊ ပဲချက်။

ဓမ္မာရုံရှေ့မှ နေရာထိုင်ခင်း။

ဓမ္မာရုံအတွင်းပိုင်းတွင် ဘုဉ်းပေးနေသော သံဃာတော်များ။

ဓမ္မာရုံရှေ့တွင် ဘုဉ်းပေးနေသော သံဃာတော်များ။

ရပ်ကွက်လူငယ်များမှ ဝေယျာဝစ္စပြုလုပ်နေပုံ။

အရုဏ်ကျင်း အလင်းရောက်သည်အထိ ဆွမ်းလောင်းခဲ့ကြပါတယ်။
ကျွန်တော်တို့အဖွဲ့ရဲ့ ငွေဒါန၊ ရပ်ကွက်စေတနာရှင်များရဲ့ လုပ်အားဒါန ပူးပေါင်းကာ သာသနာတော်ကို ထောက်ပံ့နိုင်ခဲ.တာ ကြည်နူးမဆုံး ဖြစ်မိပါတယ်။ (စုစုပေါင်း အလှူငွေ စင်္ကာပူဒေါ်လာ ၃၀၀ ကုန်ကျကာ သံဃာတော် အပါး (၆၀၀) ခန့် ဆွမ်းကပ်လှူနိုင်ခဲ့ပါတယ်။)
- - - - - - - - - - - - - - - - - - - - -
- ၁၃၇၁ တပေါင်းလပြည့်ကျော် ၁ ရက် - တနင်္ဂနွေနေ့
- 28 February 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၇)ကြိမ်မြောက် အလှူတော်ကို ဒီလမှာပဲ Clementi ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်နေကျ အစီအစဉ်အတိုင်း အဖွဲ့ဝင်စုံစုံညီညီနဲ့ နေ့ဆွမ်းကပ်ခဲ့ပါတယ်။ အဖွဲ့သားများနှင့်အတူ ထိုနေ့တွင် ဘုန်းတော်ကြီးကျောင်းကို လာရောက်ကြသော ဓမ္မမိတ်ဆွေများအားလည်း နေ့လည်စာများနှင့် ကျွေးမွေးခဲ့ပါတယ်။ ကျောင်းဝေယျာဝစ္စအတွက် အလှူငွေ ထည့်ဝင်လှူဒါန်းကာ ရေစက်ချ တရား နာကြား ခဲ့ကြပါတယ်။

ဟင်းရှိရာ စုရုံးနေကြသော အဖွဲ့ဝင်များ။

လာနိုင်ခဲလိုက်တဲ့ ဟင်းရယ်။

အော် ...... ရောက်လာပါပြီ။

ကြွရောက်လာမယ့် ဧည့်သည်များ အတွက် ပြင်ဆင်ပေးနေသော အဖွဲ့ဝင်များ။

အချိုပွဲကလည်း ဟောဒီလို အရန်သင့်ဗျာ။

စုံမှ စုံပဲနော်။
လာမည့် (၈) ကြိမ်မြောက် အလှူတော်ကိုလည်း Clementi ကျောင်းတော်မှာ မတ်လ (၂၈)တွင် ပြုလုပ်မည်ဟု တိုင်ပင်ခဲ့ကြပါတယ် ခင်ဗျား။

No comments:

Post a Comment