“ သာသနာ့ရောင်ခြည် ”

Thursday, May 24, 2012

၂၇ ကြိမ်မြောက် အလှူတော်အတွက် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၇ ကြိမ်မြောက် အလှူတော်အား လာမည့် 03-JUNE-2012 (တနင်္ဂနွေနေ့)  နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Block 257, Level-07, Room 1013, Yishun Ring Road) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။
ညောင်ကန်အေး သာသနာ့ရိပ်သာသည် ယခင်နေရာအစား  (Block 257, Level-07, Room 1013, Yishun Ring Road) သို့ ရွှေ့ပြောင်းဖွင့်လှစ် ထားရှိပါသည်။

Tuesday, April 10, 2012

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့

သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၆ ကြိမ်မြောက် အလှူတော်အား လာမည့် 06-May-2012 (Sunday) နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room 141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။

ငွေရတု အလှူတော် မှတ်တမ်း ဓာတ်ပုံများအား ကိုမြတ်ကိုမှ ပေးပို့ထားပါသည်။ ကြက်သားအာလူး၊ သီးစုံချဉ်ဟင်း နှင့် ပုဇွန်ငါးပိကြော် တို့အား အလှူရှင် ဦးဝင်နိုင် နှင့် သမီး တို့မှ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ကပ်လှူ ကြပါသည်။ ထို့အတူ ဦးမြတ်ကို နှင့် အဖွဲ့မှလည်း ငါးဆားနယ် ချက်၊ ၀က်သားချက်၊ ပုဂံ ပုန်းရည်ကြီး၊ ပဲသီးကြော် ဟင်းများ ကိုယ်တိုင်ချက်ပြုတ် ကပ်လှူခဲ့ကြပါသည်။ facebook တွင် သွားရောက် ကြည့်ရှု့ ကြည်ညိုနိုင်ကြပြီ ဖြစ်ပါသည်။

အားလုံးကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ချွေလိုက်ပါသည်။

Saturday, March 31, 2012

ငွေရတုမှသည်

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၅ ကြိမ်မြောက် အလှူတော်အား လာမည့် 06-April-2012 (Good Friday့) နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room 141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

၂၄ကြိမ်မြောက်အလှူတော် ဓာတ်ပုံများ




Friday, February 10, 2012

သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၄ ကြိမ်မြောက် အလှူတော် (၂၄ ကြိမ် တိုင်ခဲ့ပြီ... ညီညွှတ်ကြ..စည်းလုံးကြ..တိုင်ပင်ကြ........

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၄ ကြိမ်မြောက် အလှူတော်အား လာမည့် 04-March-2012 (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room 141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။

သာသနာ့ရောင်ခြည်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်စရာများ အတူတကွဆွေးနွေး နိုင်ရန်အတွက် အဖွဲ့ဝင် အားလုံး တက်ရောက်ကြမည်ဟု မျှော်လင့်ထားမိပါသည်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။ ...

* တခြားအလှူရှင်များစွာဖြင့် တိုက်ဆိုင်နေပါသဖြင့် 04-Mar-2012, အဆင်ပြေသည့်နေ့ ရွေးလိုက်ရပါသည်။

Tuesday, September 20, 2011

- သာသနာ့ရောင်ခြည်အဖွဲ့ (၂၂) ကြိမ်မြောက် အလှူတော်


အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့

သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၂ ကြိမ်မြောက် အလှူတော်အား ညောင်ကန်အေး သာသနာ့ရိပ်သာ (YISHUN) တွင် အောင်မြင်စွာ ကျင်းပ လှူဒါန်းခဲ့ကြပါသည်။ မိမိ၏ ကုသိုလ်စိတ်အား ထက်သန်မှု အလျောက် သာသနာ့ရောင်ခြည်၏ ၂၂ ကြိမ်မြောက် အလှူတော်အား တက်ရောက် သာဓုအနုမောဓနာ ခေါ်ယူခဲ့ကြသည်ကို ပီတိဝေဖြာ စိတ်အားကြည်လင်စွာဖြင့် မြင်တွေ့ခံစား ခဲ့ကြရပါပြီ။
ထိုအတူ လာမည့် အောက်တိုဘာလ ၃၀ ရက်တွင် ညောင်ကန်အေး သာသနာ့ရိပ်သာ (YISHUN) တွင် သာသနာ့ရိပ်သာ၏ ဘုံကထိန်ပွဲနှင့် တူယှဉ်နွှဲကာ ကာလဒါန အလှူတော်အဖြစ် သာသနာ့ရောင်ခြည်အဖွဲ့၏ ၂၃ ကြိမ်မြောက်အလှူတော်အား သာဓုအနုမောဓနာ အတူတကွ ခေါ်ယူကြည်ညိုကြမည် ဖြစ်ပါသည်။
ထိုမျှမက အဖွဲ့ဝင်အားလုံး၏ စေတနာ၊ ကုသိုလ်စိတ်အား၊ ကျွေးမွေးလှူဒါန်းလိုမှု ဒါနအားများဖြင့် တိုင်ပင်ထားကြသည်မှာ ဘုံကထိန်ပွဲ တက်ရောက်လာကြသူ ဧည့်ပရိတ်သတ် အပေါင်းအား ကြက်သားအာလူး ပလာတာ များဖြင့် တည်ခင်းဧည့်ခံပြီး စေတနာပီတိ ဂွမ်းဆီထိကြမည် ဖြစ်ပါသည်။ ကြက်သားအာလူး ပလာတာ ဟင်း အစီအစဉ် အသေးစိတ်အား ထပ်မံပေးပို့ တိုင်ပင်ပါအုံးမည်။
ဆရာတော်များအား သီးသန့် ဆွမ်းဟင်းများ ကိုယ်တိုင် ချက်ပြုတ်ပြီး ကုသိုလ်ပြုကြသော အဖွဲ့ဝင် ကိုအောင်သိန်းထွန်း၊ ကိုခင်မောင်သန်း+မခင်ခင်နွယ် နှင့် ဆွမ်းဆန်ဒါန ကိုထွန်းကျော်၊ အခါမလပ် ဆွမ်းဟင်းများ မညီးမညူ ၀ယ်ယူပေးသော ကိုမြတ်ကို နှင့် တက်ရောက်လာကြသူ အဖွဲ့ဝင်အသစ်များ၊ မူလ အဖွဲ့ဝင်များ အားလုံးအား သာသနာ့ရောင်ခြည်အဖွဲ့မှ အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ နာမည်မေ့ကျန်ခဲ့သည် ရှိသော် နားလည်ခွင့်လွှတ်ပေးကြပါ။ (အကယ်ဒမီဆုပေးပွဲ ကျေးဇူးတင်စကား ပြောသလိုလို….  )

မေခ မလိခ

ပေါင်းစုဆုံညီ

ဧရာနဒီ။

စေတနာ မေတ္တာ

ပေါင်းစုအောင်ညီ

သာသနာ့ရောင်ခြည်။

မေလိ ဧရာ

ပေါင်းစုညီ

သာသနာ့ရောင်ခြည်

သက်နှင်းချီ။