“ သာသနာ့ရောင်ခြည် ”: - (၁၂)ကြိမ်မြောက်အလှူတော် နှိုးဆော်ခြင်း

Friday, July 30, 2010

- (၁၂)ကြိမ်မြောက်အလှူတော် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့ဝင်များနှင့် အားလုံးသော ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့ဟာ ကုသိုလ်ဒါနများ အလှူအတန်းများ လူမှုရေးကူညီမှုများ ကို စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ အားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့ကြတာ အခုဆို (၁၂)ကြိမ်မြောက် ဆီသို့ ဦးတည်နေပါပြီ။ အားလုံးဟာလည်း လာမည့် (၁၂)ကြိမ်မြောက်အတွက် အားတက်သရောနဲ့ ဆွေးနွေး တိုင်ပင်နေကြပါတယ်။ တချို့ အဖွဲ့ဝင်များမှာလည်း ဖုန်းဆက်ပြီး အခြေအနေများကို စုံစမ်းနေတယ်ဆိုတာ သိရပါတယ်။ ဒီတခါ (၁၂)ကြိမ်မြောက်မှာ ဘယ်လို ကုသိုလ် ကောင်းမှုတွေ လုပ်ကြမလဲပေါ့...
အဲဒီလိုနဲ့ အဖွဲ့ဝင်လူကြီးများနဲ့အတူ အားလုံးရဲ့သဘောကလည်း ဝါဆိုဝါကပ်ကြမယ့် ရဟန်း သံဃာတော်များအား "၀ါဆိုသင်္ကန်း" ကပ်လှူဖို့ ဆန္ဒရှိနေကြပါတယ်။
ဒါကြောင့်  သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၁၂)ကြိမ်မြောက်အလှူဒါနအဖြစ် "၀ါဆိုသင်္ကန်း" ကပ်လှူခြင်း အခမ်းအနားကို လာမည့် သြဂုတ်လ (၁)ရက် တနင်္ဂနွေနေ့ မှာ စင်္ကာပူ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (Clementi) တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဘုန်းတော်ကြီးများအား ယခင်လများအတိုင်း အရုဏ်ဆွမ်းကပ်ကြမှာ ဖြစ်တဲ့အတွက်  အားလုံးသော ဓမ္မမိတ်ဆွေများနှင့် အဖွဲ့ဝင်များအား ကြွရောက် ကုသိုလ်ယူကြပါရန် အသိပေး နှိုးဆော် လိုက်ရပါတယ် ခင်ဗျား... (အဖွဲ့ဝင်များအနေနဲ့ နံနက် (၁၀)နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်း၌ စုဝေး ပြင်ဆင်ကြမှာ ဖြစ်ပါတယ်)
ဝါဆိုသင်္ကန်း ကပ်လှူခြင်းအပြင် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများကိုလည်း မုန့်ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေး ကုသိုလ်ယူမှာ ဖြစ်ပါတယ် ခင်ဗျား....

No comments:

Post a Comment