“ သာသနာ့ရောင်ခြည် ”: - သာသနာရောင်ခြည် (၁၁)ကြိမ်မြောက်အလှူတော်

Friday, July 16, 2010

- သာသနာရောင်ခြည် (၁၁)ကြိမ်မြောက်အလှူတော်

-၁၃၇၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၈ ရက် -တနင်္ဂနွေနေ့
-4 July 2010 Sunday
သာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၁ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ clementi (ဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကိုလည်း သာသနာ့ရောင်ခြည် အဖွဲ့ဝင် ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ပါတယ်။ ထို့နောက် ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ ထံမှ တရားတော်များနာကြားကာ ရေစက်ချ အမျှဝေခဲ့ကြပါတယ်။
"စိတ်ဆန်းကြယ်လို့ ၊ ကံဆန်းကြယ်တယ်၊
ကံဆန်းကြယ်လို့၊ အကျိုးပေး ဆန်းကြယ်တယ်"
ဆရာတော်မှ သနားသဖြင့်ချီးမြှင့်သော တရားဆောင်ပုဒ်ဖြစ်ပါတယ်။

သာသနာ့ရောင်ခြည်အဖွဲ့ဟာ ခုဆိုရင် တစ်နှစ်တင်းတင်း ပြည့်ကာနီးပါပြီ၊ လာမယ့် အကြိမ် ဟာဆိုရင် ၁၂ ကြိမ်မြောက် ဖြစ်ပါတယ်။ သာသနာတည်သရွေ့ သာသနာ့ရောင်ခြည်အဖွဲ့ တည်တံ့အောင် ကြိုးစားကြမယ် လို့ အဓိဌာန်ပြုရင်း ညီညီညာညာ ဆက်ချီကာ သာသနာ့ဝန်ကို ဆထက်ထမ်းပိုး ရွက်ဆောင်ကြပါစို့။

( ၁၁ ) ကြိမ်မြောက် မှတ်တမ်းဓါတ်ပုံများ

 ဆွမ်းဆပ်ကပ်နေစဉ်

ဝေယျာဝစ္စ ကုသိုလ်ယူနေစဉ်

ဝေယျာဝစ္စ ကုသိုလ် ပြုနေသော အဖွဲ့ဝင်များ

ဓမ္မမိတ်ဆွေများအား ဒါနပြုနေစဉ်

ဆရာတော်ထံမှ တရားနာယူနေစဉ်

နဝကမ္မဆက်ကပ်လှူဒါန်းနေစဉ်

No comments:

Post a Comment