“ သာသနာ့ရောင်ခြည် ”: - (၁၁)ကြိမ်မြောက် အလှူတော်အတွက် နှိုးဆော်ခြင်း

Thursday, July 1, 2010

- (၁၁)ကြိမ်မြောက် အလှူတော်အတွက် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့သားများနှင့် ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ)ရဲ့ (၁၁)ကြိမ်မြောက်အလှူတော်ကို လာမည့် တနင်္ဂနွေနေ့ ဇူလိုင်လ-၄ ရက်နေ့ နံနက် (၁၀)နာရီမှာ Clementi မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကြိုတင် အသိပေး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား...
ဘုန်းတော်ကြီးများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းမှုပြုလုပ်ပြီး ရေစက်ချတရား နာကြားကြမှာ ဖြစ်သလို လာရောက်ကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်း ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ဧည့်ခံ ကျွေးမွေးကုသိုလ် ယူမှာ ဖြစ်ပါတယ် ဆိုတာလည်း အသိပေးအပ်ပါတယ် ခင်ဗျား...။
ဒီတစ်ပါတ်မှာလည်း အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက် ကုသိုလ်ယူကြမယ်ဆိုတာ ယုံကြည်ရင်း...

1 comment:

  1. (၁၁)ကြိမ်မြောက်အလှူတော်အတွက် မှတ်တမ်းတင် ဓါတ်ပုံများ ပို့ပေးသော အဖွဲ့ဝင် ကိုဝင်းနိုင် ကို ကျေးဇူးတင်ရှိပါကြောင်း...။

    ReplyDelete