“ သာသနာ့ရောင်ခြည် ”: တစ်နှစ်မှသည် ကမ္ဘာတည်မည့် သာသနာ့ရောင်ခြည်

Friday, August 20, 2010

တစ်နှစ်မှသည် ကမ္ဘာတည်မည့် သာသနာ့ရောင်ခြည်

တစ်နှစ်မှသည် ကမ္ဘာတည်မည့် သာသနာရောင်ခြည်
တနေ့သောခါ
ခြင်္သေ့ရွာဝယ်
လူငယ်တစ်ပင်း
ပေါင်းစည်းရင်းက
ဓမ္မသဘော
နှီးနှောဖြစ်၏။
 
ဒို့တွေခုခါ
တပြည်ရေခြား
မိဝေးဖကွာ
ဆွေမျိုးမနီး
ခါးသီးဒုက္ခ
ရင်ဆိုင်ရသည်
မောပန်းလာသော်
ရိပ်ခိုနားမည်
ဆာယာအေးရိပ်
ဘုရားရိပ်ဝယ်
အပူအပေါင်း
အေးစေကြောင်း
ဘယာအပေါင်း
ဝေးစေကြောင်း။

ပစ္စည်းအာရုံ
ကာမဂုဏ်ဝယ်
စွဲလမ်းရစ်တွယ်
ထိန်းမလွယ်တဲ့
ပုထုဇဉ်အရူး
တဏှာပူးကာ
အဝိဇ္ဇာမှောင်မိုက်
ဒီစိတ်မိုက်ကို
တရားရေအေး
အမြိုက်ဆေး
တိုက်ကျွေးကာသာ
ဆုံးမရာ။
 
စသည်စသည်
ကောင်းဖို့မှန်းရည်
ပေါင်းစုကြံသည့်
ရည်ရွယ်ချက်မူ
စိတ်တူညီသည့်
လူငယ်တစ်စု
စပြုခဲ့သည့်
အဖွဲ့တခု
ငွားစွန့်ခဲ့သည်
စင်္ကာပူရ
ကျွန်းဌာနမဟီ
အောင်နိမိတ်ရည်သည်
အောင်ရမည်တည်း။

ဘုရားသာသနာ
တခြားဌာဝယ်
ရောင်ဝါထိန်ပြောင်း
ထွန်းစေကြောင်းဟု
ကောင်းမှုအမွန်
တောင်းဆုရွှင်ကာ
ဘုန်းဘုရားနှုတ်မြွက်
ချီးမြှင့်အပ်သည်
သာသနာရောင်ခြည်
ဖွဲ့မည်တွင်သတည်း။
 
စတင်သည်မှ
မစဲဝင်လာ
မိတ်သဟာတို့
မနည်းသဒ္ဓါ
စိတ်စေတနာကြောင့်
သာသနာ့ရောင်ခြည်
ပွားစည်ပင်သည်
လူမှုခြေခံ
သာသနာရံကာ
ဘာသာကျိုးဝယ်
ရေလှူမှစ
ဆေးဝါးအလှူ
တို့စွမ်းကူသည်
ရင်ဝယ်ပီတိ
လွှမ်းပါဘိ။
 
မပြတ်တစ်လ
ဆက်ခဲ့ကြသည်
ရှေ့သို့ချီမည်
တည်မည်ကမ္ဘာ
ကြုံလာခက်ခဲ
တို့မခွဲဘဲ
လက်ကိုမြဲကာ
ရည်မှန်းရာသို့
တို့သွားသည်မှာ
တစ်နှစ်ခါလည်
ပြည့်ခဲ့ပြီ
လှူဒါန်းအစု
ကောင်းမှုထုကို
သာသနာ့ရောင်ခြည်
ပေးမျှဝေသည်
သောင်းစကြာဝဠာ
လှိုက်စေသော်ဝ်
နတ်လူသာဓု
ခေါ်စေသော်ဝ်။  ။
 
ကိုဇင်မင်းငြိမ်း

2 comments:

  1. ကိုဇင်မင်းငြိမ်းရေ ကဗျာလေးက အရမ်းကောင်းတာပဲဗျာ။
    ဖတ်ရင်းအားတွေတက်လာတယ်။ ကျောင်းတက်ရင်း တစ်ဖက်က ရေးထားတာမို့လည်း အဖွဲ့ဝင်များကိုယ်စား အရမ်းလည်း ကျေးဇူးတင်မိပါတယ်။

    ReplyDelete
  2. တစ်နှစ်ပြည့် သာသနာ့ရောင်ခြည်ကို အခုလို အချိန်ပေးကာ ကဗျာရေးတဲ့သူ တယောက်ရှိတဲ့အတွက် အဖွဲ့ဝင်တယောက် အနေနဲ့ ဂုဏ်ယူမိတယ်ဗျာ... အားပေးနေပါတယ်...

    ReplyDelete