“ သာသနာ့ရောင်ခြည် ”

Monday, August 8, 2011

- သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၁ ကြိမ်မြောက် အလှူတော်

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၁ ကြိမ်မြောက် အလှူတော်အား လာမည့် 14-August-2011 (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room 141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။
သာသနာ့ရောင်ခြည်အဖွဲ့၏ ၂ နှစ်ပြည့် ၂၄ ကြိမ်မြောက် အလှူတော်နှင့်အတူ အဖွဲ့သူ အဖွဲ့သား အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမ မိသားစု စိတ်ဓာတ် ပိုမိုတိုးပွား ခိုင်မာလာစေရန် ရည်ရွယ်ပြီး စင်ကာပူနိုင်ငံရှိ ကမ်းခြေတစ်ခုခုတွင် ပျော်ပျော်ပါးပါး စုစည်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ အနားယူရင်း တစုတဝေးတည်း စုပေါင်းပျော်ရွှင် နိုင်မည့် အစီအစဉ်တစ်ခု ပြုလုပ်နိုင်ရန် စိတ်ကူးထားရှိပါသည်။ ဆွေးနွေးတိုင်ပင် အကြံဥာဏ် ပေးကြပါအုံး။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။
ပြီးခဲ့သည့် ၀ါဆိုသင်္ကန်းကပ်လှူပွဲတွင် ကြက်သားအာလူးဟင်း အလှူအတွက် လာရောက်ပြီး ချက်ပြုတ်လုပ်အား ကုသိုလ်ပြုကြသည့် အဖွဲ့ဝင် ညီတော်မောင်များ နှင့် နှမတော်များ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဓာတ်ပုံများကိုလဲ ဆက်လက်ပေးပို့ရန် စီစဉ်ထားရှိပါသည်။

Wednesday, June 22, 2011

- သာသနာ့ရောင်ခြည်အဖွဲ့၏ (၂၀) ကြိမ်မြောက် အလှူတော်အတွက် နှိုးဆော်ခြင်း

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့ ...


သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၀ ကြိမ်မြောက် အလှူတော်အား လာမည့် 03-JULY-2011 (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room 141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။


သာသနာ့ရောင်ခြည်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေး တိုင်ပင်စရာများ အတူတကွဆွေးနွေး နိုင်ရန် အတွက် အဖွဲ့ဝင် အားလုံး တက်ရောက်ကြမည်ဟု မျှော်လင့်ထားမိပါသည်။


အားလုံးကျန်းမာ ချမ်းသာကြပါစေ။

Tuesday, April 26, 2011

- (၁၉) ကြိမ်မြောက်အလှူတော်အတွက် နှိုးဆော်ခြင်း

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
လာမည့် မေလ ၂ ရက် (တနင်္လာနေ့တွင်) သာသာနာ့ရောင်ခြည်အဖွဲ့၏ ၁၉ ကြိမ်မြောက် အလှူတော်အား ကျင်းပပြုလုပ်နေကြဖြစ်သည့် Clementi ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ နေ့ဆွမ်းဆက်ကပ်ပြီး သာဓုအနုမောဓနာ ခေါ်ဆိုကြမည် ဖြစ်ပါသည်။
ထို (၁၉) ကြိမ်မြောက်နှင့်အတူ သာသနာ့ရောင်ခြည်အဖွဲ့ဝင်များ စုပေါင်းတိုင်ပင်ပြီး မြွေဆိပ်ဖြေဆေး အလှူတော် အတွက် စုပေါင်းလှူဒါန်းကြရန်လဲ တိုင်ပင်ထားရှိပါသည်။
အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင်များ စုံစုံညီညီတက်ရောက်ပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ တရားဘာဝနာ နာယူကြည်ညို သာဓုခေါ်ဆိုနိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော် လိုက်ရပါသည်။
အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ။

သာနာ့ရောင်ခြည်အဖွဲ့

Friday, January 28, 2011

- သာသနာ့ရောင်ခြည် ကမ္ဘာတည်

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့..
သာသာနာ့ရောင်ခြည်အဖွဲ့၏ ၁၇ ကြိမ်မြောက် အလှူတော်အား လာမည့် ဖေဖော်ဝါရီလ ၆ ရက် (06-02-2011) တနင်္ဂနွေနေ့ ၁၀ နာရီအချိန်တွင် Clementi ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်အပေါင်း အနေဖြင့် အဖွဲ့ဝင်များနှင့်အတူ ရေစက်သွန်းချ အမျှပေးဝေနိုင်ကြပါရန် ကြိုတင် အသိပေးနှိုးဆော် အပ်ပါသည်။ အဖွဲ့ဝင်အားလုံး စုံစုံညီညီ တက်ရောက်ပြီး သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြမည်ဟု ယုံကြည်မိပါသည်။


အားလုံးသော အဖွဲ့ဝင်အပေါင်း ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဓနာ ခေါ်ဆို ကြည်နူးနိုင်ရန် အတွက် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းဖောင်တော်ဦး ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှ ဂုဏ်ပြုပေးပို့အပ်သော အလှူတော် ဂုဏ်ပြုမှတ်တမ်းလွှာအား တင်ပြပေးပို့ အပ်ပါသည်။



တို့လူငယ်အဖွဲ့ စိတ်အားညီ
သာသနာ အကျိုး၊ လူမှုအကျိုး
တတ်အားသမျှ လက်ကူညီ
စိတ်အားညီညီ တက်လှမ်းချီ
သာသနာ့ရောင်ခြည်
ကမ္ဘာတည်။

လစဉ်ဒါန ဝေမျှကူညီ
တစ်ဆယ့် ခွန်နစ် တိုင်ခဲ့ပြီ။
စိတ်အားထက်သန် စုပေါင်းညီ
သာသနာ့ရောင်ခြည်
ကမ္ဘာတည်။

     အဖွဲ့ဝင်အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် အစဉ်ထားဝရ ပြည့်စုံအောင်မြင်နိုင် ကြပါစေ။

Tuesday, January 4, 2011

- အောင်မြင်ခဲ့ပြီ မန်းဌာနီသို့........

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့..
သာသာနာ့ရောင်ခြည်အဖွဲ့၏ ၁၇ ကြိမ်မြောက် အလှူတော်အား လာမည့် ဖေဖော်ဝါရီလ ၆ ရက် (06-02-2011) တနင်္ဂနွေနေ့ ၁၀ နာရီအချိန်တွင် Clementi ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်အပေါင်း အနေဖြင့် အဖွဲ့ဝင်များနှင့်အတူ
ရေစက်သွန်းချ အမျှပေးဝေနိုင်ကြပါရန် ကြိုတင် အသိပေးနှိုးဆော် အပ်ပါသည်။

ထိုထက်များစွာ သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါရန် အောက်ပါ သတင်းလေးအား မျှဝေပေးအပ်ပါသည်။

သာသနာ့ရောင်ခြည်အဖွဲ့၏ စည်လုံးညီညွတ်မှု.. ကုသိုလ်ပြုအား ထက်သန်မှုတို့ အရင်းတည်ပြီး ယခင်လများမှ စဉ်းစားတိုင်ပင်ခဲ့ကြသည့် အလှူတော်တစ်ခု အထမြောက် အောင်မြင်ခဲ့ပြီ ဖြစ်ပါသည်။ အဖွဲ့ဝင်များ ညှိနှိုင်းတိုင်ပင်ခဲ့ကြသည့် အတိုင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စိန်ပန်း ဖောင်တော်ဦး ဘုန်းတော်ကြီးသင် မူလတန်းကျောင်းအတွက် အလှူတော်ငွေ မြန်မာကျပ် ရှစ်သိန်းတိတိ အား ပညာရေးအလှူဒါနအဖြစ် ပေးအပ်လှူဒါန်းမှု ပြုလုပ်ကြမည် ဖြစ်ပါသည်။
အဖွဲ့ဝင်များ၏ စိတ်အားထက်သန်မှုမှာ ထိုထက်များစွာ လှူဒါန်းမှု ပြုလုပ်ကြမည့် စိတ်ထားအရင်းခံ ဖြစ်ပါသည်။ အဖွဲ့ဝင်တစ်ယောက် ပြောစကား ဝေမျှရရင်... ဖြစ်နိုင်လို့ ရှိရင် မြန်မာပြည်မှာ လိုအပ်သမျှ နေရာအားလုံး ကျနော်တို့ သာသာနာ့ရောင်ခြည်အဖွဲ့မှ အားလုံးကို လှူဒါန်းလိုက်ချင်တာ.....ထိုစကားကြားပြီး ၀မ်းသာပိတိ ဂွမ်းဆီထိသို့။
လာမည့် ဇန်န၀ါရီလ ၈ ရက်နေ့တွင် အဖွဲ့ဝင် ကိုအောင်မြင့် မှ မန္တလေးမြို့သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။ လှူဒါန်းမှု အစုစုအတွက် ကုသိုလ်စိတ်ပွား သာဓုအနုမောဓနာ ခေါ်ယူကြည်နူးနိုင်ကြပြီ ဖြစ်ပါသည်။
တစ်ယောက်အားနှင့် ယူသော်မရ။ စည်လုံးညီညွတ်မှု အများအင်အားဖြင့် ယူသော် ရ၏....တဲ့။ ထိုစကား လက်ကိုင်ထားကာ သာသနာ့ရောင်ခြည်အဖွဲ့ဝင်များအနေဖြင့် စည်းလုံးညီညွတ် ရိုင်းပင်းမှုတို့ဖြင့် သာသနာ့ရောင်ခြည်အဖွဲ့အား စိတ်အား..စေတနာအား..ညီညွတ်မှု အားများဖြင့် ထာဝရတည်တံ့ခိုင်မြဲအောင် လက်တွဲလုပ်ဆောင်ကြဘို့ အဖွဲ့ကိုယ်စား မေတ္တာရပ်ခံ အပ်ပါသည်။
သာသနာ့ရောင်ခြည်အဖွဲ့သားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် အစဉ်ထာဝရ ပြည့်စုံအောင်မြင်နိုင်ကြပါစေ.......