“ သာသနာ့ရောင်ခြည် ”

Friday, August 20, 2010

- သာသနာ့ရောင်ခြည် (၁၂) ကြိမ်မြောက်အလှူတော်

-၁၃၇၂ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၆ ရက် -တနင်္ဂနွေနေ့
-1 August 2010 Sunday
သာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၂ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ clementi (ဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကို မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ အဖွဲ့ဝင် မသစ်သစ်ဟန် မှ်ဒီနေ့ ဆွမ်းဟင်းနှင့် မုန့်ဟင်းခါးကို လှူဒါန်းကုသိုလ်ယူပါတယ်။
ဝါဆိုအချိန်အခါကျရောက်တာမို့ ကျွန်တော်တို့ သာသနာ့ရောင်ခြည် အဖွဲ့သူ၊အဖွဲ့သားများဟာ သံဃာတော်အရှင်မြတ်များကို ဝါဆိုသင်္ကန်းအလှူတော် ဆပ်ကပ်လှူဒါန်းခဲ့ ကြပါတယ်။ အခုလို ဒါန၊သီလ၊ဘာဝနာကောင်းမှုတွေကို  ဆထပ်ထမ်းပိုး အတူတကွ ဆက်လက်လုပ်ဆောင်ကြဖို့ တိုက်တွန်းရင်း
မှတ်တမ်းဓါတ်ပုံများအား ဆက်လက်ကြည့်ရှုကာ ကုသိုလ်ပွားများနိုင်ကြပါစေ။ 

၁၂ ကြိမ်မြောက်မှတ်တမ်းဓါတ်ပုံများ

 ဆွမ်းဆက်ကပ်လှူဒါန်းနေစဉ်

 ဆရာတော်မှ ချီးမြှောက်နေစဉ်

 အားပေးနေသော ဓမ္မမိတ်ဆွေများ

 ကြွရောက်လာသော ဓမ္မမိတ်ဆွေများ

 ဝေယျာဝစ္စကုသိုလ်ယူနေသော အဖွဲ့ဝင်များ

 ဝါဆိုသင်္ကန်းကပ်လှူနေစဉ်

ဇောတိကလို ပေါကြွယ်ဝစေဖို့

 ဆရာတော်မှ တရားချီးမြှင့်နေစဉ်

 အမျှဝေရေစက်ချ

 အလှူငွေများ ပေးအပ်နေစဉ်

တစ်နှစ်မှသည် ကမ္ဘာတည်မည့် သာသနာ့ရောင်ခြည်

တစ်နှစ်မှသည် ကမ္ဘာတည်မည့် သာသနာရောင်ခြည်
တနေ့သောခါ
ခြင်္သေ့ရွာဝယ်
လူငယ်တစ်ပင်း
ပေါင်းစည်းရင်းက
ဓမ္မသဘော
နှီးနှောဖြစ်၏။
 
ဒို့တွေခုခါ
တပြည်ရေခြား
မိဝေးဖကွာ
ဆွေမျိုးမနီး
ခါးသီးဒုက္ခ
ရင်ဆိုင်ရသည်
မောပန်းလာသော်
ရိပ်ခိုနားမည်
ဆာယာအေးရိပ်
ဘုရားရိပ်ဝယ်
အပူအပေါင်း
အေးစေကြောင်း
ဘယာအပေါင်း
ဝေးစေကြောင်း။

ပစ္စည်းအာရုံ
ကာမဂုဏ်ဝယ်
စွဲလမ်းရစ်တွယ်
ထိန်းမလွယ်တဲ့
ပုထုဇဉ်အရူး
တဏှာပူးကာ
အဝိဇ္ဇာမှောင်မိုက်
ဒီစိတ်မိုက်ကို
တရားရေအေး
အမြိုက်ဆေး
တိုက်ကျွေးကာသာ
ဆုံးမရာ။
 
စသည်စသည်
ကောင်းဖို့မှန်းရည်
ပေါင်းစုကြံသည့်
ရည်ရွယ်ချက်မူ
စိတ်တူညီသည့်
လူငယ်တစ်စု
စပြုခဲ့သည့်
အဖွဲ့တခု
ငွားစွန့်ခဲ့သည်
စင်္ကာပူရ
ကျွန်းဌာနမဟီ
အောင်နိမိတ်ရည်သည်
အောင်ရမည်တည်း။

ဘုရားသာသနာ
တခြားဌာဝယ်
ရောင်ဝါထိန်ပြောင်း
ထွန်းစေကြောင်းဟု
ကောင်းမှုအမွန်
တောင်းဆုရွှင်ကာ
ဘုန်းဘုရားနှုတ်မြွက်
ချီးမြှင့်အပ်သည်
သာသနာရောင်ခြည်
ဖွဲ့မည်တွင်သတည်း။
 
စတင်သည်မှ
မစဲဝင်လာ
မိတ်သဟာတို့
မနည်းသဒ္ဓါ
စိတ်စေတနာကြောင့်
သာသနာ့ရောင်ခြည်
ပွားစည်ပင်သည်
လူမှုခြေခံ
သာသနာရံကာ
ဘာသာကျိုးဝယ်
ရေလှူမှစ
ဆေးဝါးအလှူ
တို့စွမ်းကူသည်
ရင်ဝယ်ပီတိ
လွှမ်းပါဘိ။
 
မပြတ်တစ်လ
ဆက်ခဲ့ကြသည်
ရှေ့သို့ချီမည်
တည်မည်ကမ္ဘာ
ကြုံလာခက်ခဲ
တို့မခွဲဘဲ
လက်ကိုမြဲကာ
ရည်မှန်းရာသို့
တို့သွားသည်မှာ
တစ်နှစ်ခါလည်
ပြည့်ခဲ့ပြီ
လှူဒါန်းအစု
ကောင်းမှုထုကို
သာသနာ့ရောင်ခြည်
ပေးမျှဝေသည်
သောင်းစကြာဝဠာ
လှိုက်စေသော်ဝ်
နတ်လူသာဓု
ခေါ်စေသော်ဝ်။  ။
 
ကိုဇင်မင်းငြိမ်း

Friday, July 30, 2010

- (၁၂)ကြိမ်မြောက်အလှူတော် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့ဝင်များနှင့် အားလုံးသော ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့ဟာ ကုသိုလ်ဒါနများ အလှူအတန်းများ လူမှုရေးကူညီမှုများ ကို စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ အားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့ကြတာ အခုဆို (၁၂)ကြိမ်မြောက် ဆီသို့ ဦးတည်နေပါပြီ။ အားလုံးဟာလည်း လာမည့် (၁၂)ကြိမ်မြောက်အတွက် အားတက်သရောနဲ့ ဆွေးနွေး တိုင်ပင်နေကြပါတယ်။ တချို့ အဖွဲ့ဝင်များမှာလည်း ဖုန်းဆက်ပြီး အခြေအနေများကို စုံစမ်းနေတယ်ဆိုတာ သိရပါတယ်။ ဒီတခါ (၁၂)ကြိမ်မြောက်မှာ ဘယ်လို ကုသိုလ် ကောင်းမှုတွေ လုပ်ကြမလဲပေါ့...
အဲဒီလိုနဲ့ အဖွဲ့ဝင်လူကြီးများနဲ့အတူ အားလုံးရဲ့သဘောကလည်း ဝါဆိုဝါကပ်ကြမယ့် ရဟန်း သံဃာတော်များအား "၀ါဆိုသင်္ကန်း" ကပ်လှူဖို့ ဆန္ဒရှိနေကြပါတယ်။
ဒါကြောင့်  သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၁၂)ကြိမ်မြောက်အလှူဒါနအဖြစ် "၀ါဆိုသင်္ကန်း" ကပ်လှူခြင်း အခမ်းအနားကို လာမည့် သြဂုတ်လ (၁)ရက် တနင်္ဂနွေနေ့ မှာ စင်္ကာပူ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (Clementi) တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဘုန်းတော်ကြီးများအား ယခင်လများအတိုင်း အရုဏ်ဆွမ်းကပ်ကြမှာ ဖြစ်တဲ့အတွက်  အားလုံးသော ဓမ္မမိတ်ဆွေများနှင့် အဖွဲ့ဝင်များအား ကြွရောက် ကုသိုလ်ယူကြပါရန် အသိပေး နှိုးဆော် လိုက်ရပါတယ် ခင်ဗျား... (အဖွဲ့ဝင်များအနေနဲ့ နံနက် (၁၀)နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်း၌ စုဝေး ပြင်ဆင်ကြမှာ ဖြစ်ပါတယ်)
ဝါဆိုသင်္ကန်း ကပ်လှူခြင်းအပြင် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများကိုလည်း မုန့်ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေး ကုသိုလ်ယူမှာ ဖြစ်ပါတယ် ခင်ဗျား....

Friday, July 16, 2010

- သာသနာရောင်ခြည် (၁၁)ကြိမ်မြောက်အလှူတော်

-၁၃၇၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၈ ရက် -တနင်္ဂနွေနေ့
-4 July 2010 Sunday
သာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၁ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ clementi (ဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကိုလည်း သာသနာ့ရောင်ခြည် အဖွဲ့ဝင် ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ပါတယ်။ ထို့နောက် ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ ထံမှ တရားတော်များနာကြားကာ ရေစက်ချ အမျှဝေခဲ့ကြပါတယ်။
"စိတ်ဆန်းကြယ်လို့ ၊ ကံဆန်းကြယ်တယ်၊
ကံဆန်းကြယ်လို့၊ အကျိုးပေး ဆန်းကြယ်တယ်"
ဆရာတော်မှ သနားသဖြင့်ချီးမြှင့်သော တရားဆောင်ပုဒ်ဖြစ်ပါတယ်။

သာသနာ့ရောင်ခြည်အဖွဲ့ဟာ ခုဆိုရင် တစ်နှစ်တင်းတင်း ပြည့်ကာနီးပါပြီ၊ လာမယ့် အကြိမ် ဟာဆိုရင် ၁၂ ကြိမ်မြောက် ဖြစ်ပါတယ်။ သာသနာတည်သရွေ့ သာသနာ့ရောင်ခြည်အဖွဲ့ တည်တံ့အောင် ကြိုးစားကြမယ် လို့ အဓိဌာန်ပြုရင်း ညီညီညာညာ ဆက်ချီကာ သာသနာ့ဝန်ကို ဆထက်ထမ်းပိုး ရွက်ဆောင်ကြပါစို့။

( ၁၁ ) ကြိမ်မြောက် မှတ်တမ်းဓါတ်ပုံများ

 ဆွမ်းဆပ်ကပ်နေစဉ်

ဝေယျာဝစ္စ ကုသိုလ်ယူနေစဉ်

ဝေယျာဝစ္စ ကုသိုလ် ပြုနေသော အဖွဲ့ဝင်များ

ဓမ္မမိတ်ဆွေများအား ဒါနပြုနေစဉ်

ဆရာတော်ထံမှ တရားနာယူနေစဉ်

နဝကမ္မဆက်ကပ်လှူဒါန်းနေစဉ်

Thursday, July 1, 2010

- (၁၁)ကြိမ်မြောက် အလှူတော်အတွက် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့သားများနှင့် ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ)ရဲ့ (၁၁)ကြိမ်မြောက်အလှူတော်ကို လာမည့် တနင်္ဂနွေနေ့ ဇူလိုင်လ-၄ ရက်နေ့ နံနက် (၁၀)နာရီမှာ Clementi မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကြိုတင် အသိပေး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား...
ဘုန်းတော်ကြီးများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းမှုပြုလုပ်ပြီး ရေစက်ချတရား နာကြားကြမှာ ဖြစ်သလို လာရောက်ကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်း ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ဧည့်ခံ ကျွေးမွေးကုသိုလ် ယူမှာ ဖြစ်ပါတယ် ဆိုတာလည်း အသိပေးအပ်ပါတယ် ခင်ဗျား...။
ဒီတစ်ပါတ်မှာလည်း အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက် ကုသိုလ်ယူကြမယ်ဆိုတာ ယုံကြည်ရင်း...