-၁၃၇၂ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၆ ရက် -တနင်္ဂနွေနေ့
-1 August 2010 Sundayသာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၂ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ clementi (ဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကို မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ အဖွဲ့ဝင် မသစ်သစ်ဟန် မှ်ဒီနေ့ ဆွမ်းဟင်းနှင့် မုန့်ဟင်းခါးကို လှူဒါန်းကုသိုလ်ယူပါတယ်။
ဝါဆိုအချိန်အခါကျရောက်တာမို့ ကျွန်တော်တို့ သာသနာ့ရောင်ခြည် အဖွဲ့သူ၊အဖွဲ့သားများဟာ သံဃာတော်အရှင်မြတ်များကို ဝါဆိုသင်္ကန်းအလှူတော် ဆပ်ကပ်လှူဒါန်းခဲ့ ကြပါတယ်။ အခုလို ဒါန၊သီလ၊ဘာဝနာကောင်းမှုတွေကို ဆထပ်ထမ်းပိုး အတူတကွ ဆက်လက်လုပ်ဆောင်ကြဖို့ တိုက်တွန်းရင်း
မှတ်တမ်းဓါတ်ပုံများအား ဆက်လက်ကြည့်ရှုကာ ကုသိုလ်ပွားများနိုင်ကြပါစေ။
ဆွမ်းဆက်ကပ်လှူဒါန်းနေစဉ်
ဆရာတော်မှ ချီးမြှောက်နေစဉ်
အားပေးနေသော ဓမ္မမိတ်ဆွေများ
ကြွရောက်လာသော ဓမ္မမိတ်ဆွေများ
ဝေယျာဝစ္စကုသိုလ်ယူနေသော အဖွဲ့ဝင်များ
ဝါဆိုသင်္ကန်းကပ်လှူနေစဉ်
ဇောတိကလို ပေါကြွယ်ဝစေဖို့
ဆရာတော်မှ တရားချီးမြှင့်နေစဉ်
အမျှဝေရေစက်ချ
အလှူငွေများ ပေးအပ်နေစဉ်
No comments:
Post a Comment