skip to main |
skip to sidebar
အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၆ ကြိမ်မြောက် အလှူတော်အား လာမည့် 06-May-2012
(Sunday) နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room
141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည်
ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား
အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု
အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။
ငွေရတု အလှူတော် မှတ်တမ်း ဓာတ်ပုံများအား ကိုမြတ်ကိုမှ ပေးပို့ထားပါသည်။
ကြက်သားအာလူး၊ သီးစုံချဉ်ဟင်း နှင့် ပုဇွန်ငါးပိကြော် တို့အား အလှူရှင်
ဦးဝင်နိုင် နှင့် သမီး တို့မှ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ကပ်လှူ ကြပါသည်။
ထို့အတူ ဦးမြတ်ကို နှင့် အဖွဲ့မှလည်း ငါးဆားနယ် ချက်၊ ၀က်သားချက်၊ ပုဂံ
ပုန်းရည်ကြီး၊ ပဲသီးကြော် ဟင်းများ ကိုယ်တိုင်ချက်ပြုတ် ကပ်လှူခဲ့ကြပါသည်။ facebook တွင် သွားရောက် ကြည့်ရှု့ ကြည်ညိုနိုင်ကြပြီ ဖြစ်ပါသည်။
အားလုံးကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ချွေလိုက်ပါသည်။
No comments:
Post a Comment