“ သာသနာ့ရောင်ခြည် ”: - သာသနာ့ရောင်ခြည် (၂၂) ကြိမ်မြောက်အလှူတော် နှိုးဆော်ခြင်း

Saturday, September 17, 2011

- သာသနာ့ရောင်ခြည် (၂၂) ကြိမ်မြောက်အလှူတော် နှိုးဆော်ခြင်း

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့---

   သာသနာ့ရောင်ခြည် အဖွဲ့၏ (၂၂) ကြိမ်မြောက် အလှူတော်အား လာမည့် 18-September-2011 (တနင်္ဂနွေနေ့) နံနက် (၁၀) နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room 141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သားအားလုံးနှင့်အတူ အတူတကွနေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေများအား စားသောက်ဖွယ်ရာများနှင့် ဧည့်ခံ ကျွေးမွေးကြမှာ ဖြစ်ပါတယ်။ အဲဒီနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အမျှဝေကြမှာ ဖြစ်တဲ့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။

သာသနာ့ရောင်ခြည်အဖွဲ့၏ (၂) နှစ်ပြည့် (၂၄) ကြိမ်မြောက် အလှူတော်နှင့်အတူ အဖွဲ့သူ အဖွဲ့သား အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမ မိသားစု စိတ်ဓာတ် ပိုမိုတိုးပွား ခိုင်မာလာစေရန် ရည်ရွယ်ပြီး စင်ကာပူနိုင်ငံရှိ အပန်းဖြေနေရာတစ်ခုခုတွင် ပျော်ပျော်ပါးပါး စုစည်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ အနားယူရင်း တစုတဝေးတည်း စုပေါင်းပျော်ရွှင် နိုင်မည့် အစီအစဉ်တစ်ခု ပြုလုပ်နိုင်ရန် စိတ်ကူးထားရှိပါသည်။ အဲဒီအတွက်လည်း ဆွေးနွေးတိုင်ပင် အကြံဥာဏ်ကောင်းလေးများ ပေးကြပါအုံး။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။
သာသနာ့ရောင်ခြည်အဖွဲ့ (စကာၤပူ)

No comments:

Post a Comment