“ သာသနာ့ရောင်ခြည် ”: - သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၁ ကြိမ်မြောက် အလှူတော်

Monday, August 8, 2011

- သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၁ ကြိမ်မြောက် အလှူတော်

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၁ ကြိမ်မြောက် အလှူတော်အား လာမည့် 14-August-2011 (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room 141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။
သာသနာ့ရောင်ခြည်အဖွဲ့၏ ၂ နှစ်ပြည့် ၂၄ ကြိမ်မြောက် အလှူတော်နှင့်အတူ အဖွဲ့သူ အဖွဲ့သား အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမ မိသားစု စိတ်ဓာတ် ပိုမိုတိုးပွား ခိုင်မာလာစေရန် ရည်ရွယ်ပြီး စင်ကာပူနိုင်ငံရှိ ကမ်းခြေတစ်ခုခုတွင် ပျော်ပျော်ပါးပါး စုစည်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ အနားယူရင်း တစုတဝေးတည်း စုပေါင်းပျော်ရွှင် နိုင်မည့် အစီအစဉ်တစ်ခု ပြုလုပ်နိုင်ရန် စိတ်ကူးထားရှိပါသည်။ ဆွေးနွေးတိုင်ပင် အကြံဥာဏ် ပေးကြပါအုံး။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။
ပြီးခဲ့သည့် ၀ါဆိုသင်္ကန်းကပ်လှူပွဲတွင် ကြက်သားအာလူးဟင်း အလှူအတွက် လာရောက်ပြီး ချက်ပြုတ်လုပ်အား ကုသိုလ်ပြုကြသည့် အဖွဲ့ဝင် ညီတော်မောင်များ နှင့် နှမတော်များ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဓာတ်ပုံများကိုလဲ ဆက်လက်ပေးပို့ရန် စီစဉ်ထားရှိပါသည်။

No comments:

Post a Comment