“ သာသနာ့ရောင်ခြည် ”

Friday, July 30, 2010

- (၁၂)ကြိမ်မြောက်အလှူတော် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့ဝင်များနှင့် အားလုံးသော ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့ဟာ ကုသိုလ်ဒါနများ အလှူအတန်းများ လူမှုရေးကူညီမှုများ ကို စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ အားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့ကြတာ အခုဆို (၁၂)ကြိမ်မြောက် ဆီသို့ ဦးတည်နေပါပြီ။ အားလုံးဟာလည်း လာမည့် (၁၂)ကြိမ်မြောက်အတွက် အားတက်သရောနဲ့ ဆွေးနွေး တိုင်ပင်နေကြပါတယ်။ တချို့ အဖွဲ့ဝင်များမှာလည်း ဖုန်းဆက်ပြီး အခြေအနေများကို စုံစမ်းနေတယ်ဆိုတာ သိရပါတယ်။ ဒီတခါ (၁၂)ကြိမ်မြောက်မှာ ဘယ်လို ကုသိုလ် ကောင်းမှုတွေ လုပ်ကြမလဲပေါ့...
အဲဒီလိုနဲ့ အဖွဲ့ဝင်လူကြီးများနဲ့အတူ အားလုံးရဲ့သဘောကလည်း ဝါဆိုဝါကပ်ကြမယ့် ရဟန်း သံဃာတော်များအား "၀ါဆိုသင်္ကန်း" ကပ်လှူဖို့ ဆန္ဒရှိနေကြပါတယ်။
ဒါကြောင့်  သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၁၂)ကြိမ်မြောက်အလှူဒါနအဖြစ် "၀ါဆိုသင်္ကန်း" ကပ်လှူခြင်း အခမ်းအနားကို လာမည့် သြဂုတ်လ (၁)ရက် တနင်္ဂနွေနေ့ မှာ စင်္ကာပူ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (Clementi) တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဘုန်းတော်ကြီးများအား ယခင်လများအတိုင်း အရုဏ်ဆွမ်းကပ်ကြမှာ ဖြစ်တဲ့အတွက်  အားလုံးသော ဓမ္မမိတ်ဆွေများနှင့် အဖွဲ့ဝင်များအား ကြွရောက် ကုသိုလ်ယူကြပါရန် အသိပေး နှိုးဆော် လိုက်ရပါတယ် ခင်ဗျား... (အဖွဲ့ဝင်များအနေနဲ့ နံနက် (၁၀)နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်း၌ စုဝေး ပြင်ဆင်ကြမှာ ဖြစ်ပါတယ်)
ဝါဆိုသင်္ကန်း ကပ်လှူခြင်းအပြင် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများကိုလည်း မုန့်ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေး ကုသိုလ်ယူမှာ ဖြစ်ပါတယ် ခင်ဗျား....

Friday, July 16, 2010

- သာသနာရောင်ခြည် (၁၁)ကြိမ်မြောက်အလှူတော်

-၁၃၇၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၈ ရက် -တနင်္ဂနွေနေ့
-4 July 2010 Sunday
သာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၁ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ clementi (ဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကိုလည်း သာသနာ့ရောင်ခြည် အဖွဲ့ဝင် ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ပါတယ်။ ထို့နောက် ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ ထံမှ တရားတော်များနာကြားကာ ရေစက်ချ အမျှဝေခဲ့ကြပါတယ်။
"စိတ်ဆန်းကြယ်လို့ ၊ ကံဆန်းကြယ်တယ်၊
ကံဆန်းကြယ်လို့၊ အကျိုးပေး ဆန်းကြယ်တယ်"
ဆရာတော်မှ သနားသဖြင့်ချီးမြှင့်သော တရားဆောင်ပုဒ်ဖြစ်ပါတယ်။

သာသနာ့ရောင်ခြည်အဖွဲ့ဟာ ခုဆိုရင် တစ်နှစ်တင်းတင်း ပြည့်ကာနီးပါပြီ၊ လာမယ့် အကြိမ် ဟာဆိုရင် ၁၂ ကြိမ်မြောက် ဖြစ်ပါတယ်။ သာသနာတည်သရွေ့ သာသနာ့ရောင်ခြည်အဖွဲ့ တည်တံ့အောင် ကြိုးစားကြမယ် လို့ အဓိဌာန်ပြုရင်း ညီညီညာညာ ဆက်ချီကာ သာသနာ့ဝန်ကို ဆထက်ထမ်းပိုး ရွက်ဆောင်ကြပါစို့။

( ၁၁ ) ကြိမ်မြောက် မှတ်တမ်းဓါတ်ပုံများ

 ဆွမ်းဆပ်ကပ်နေစဉ်

ဝေယျာဝစ္စ ကုသိုလ်ယူနေစဉ်

ဝေယျာဝစ္စ ကုသိုလ် ပြုနေသော အဖွဲ့ဝင်များ

ဓမ္မမိတ်ဆွေများအား ဒါနပြုနေစဉ်

ဆရာတော်ထံမှ တရားနာယူနေစဉ်

နဝကမ္မဆက်ကပ်လှူဒါန်းနေစဉ်

Thursday, July 1, 2010

- (၁၁)ကြိမ်မြောက် အလှူတော်အတွက် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့သားများနှင့် ဓမ္မမိတ်ဆွေများခင်ဗျား...
သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ)ရဲ့ (၁၁)ကြိမ်မြောက်အလှူတော်ကို လာမည့် တနင်္ဂနွေနေ့ ဇူလိုင်လ-၄ ရက်နေ့ နံနက် (၁၀)နာရီမှာ Clementi မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကြိုတင် အသိပေး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား...
ဘုန်းတော်ကြီးများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းမှုပြုလုပ်ပြီး ရေစက်ချတရား နာကြားကြမှာ ဖြစ်သလို လာရောက်ကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်း ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ဧည့်ခံ ကျွေးမွေးကုသိုလ် ယူမှာ ဖြစ်ပါတယ် ဆိုတာလည်း အသိပေးအပ်ပါတယ် ခင်ဗျား...။
ဒီတစ်ပါတ်မှာလည်း အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက် ကုသိုလ်ယူကြမယ်ဆိုတာ ယုံကြည်ရင်း...

Tuesday, June 29, 2010

- နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်းခြင်း

ဒီလထဲမှာပဲ သာသနာ့ရောင်ခြည်အဖွဲ့ (စင်္ကာပူ)ဟာ လက်ခံရရှိထားတဲ့ အလှူငွေတချို့နဲ့ လှူဒါန်းမှုတစ်ခု အောင်မြင်စွာ ထပ်မံပြုလုပ်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ  ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းသို့ သောက်သုံးရေ ရှားပါးသော မရှိနွမ်းပါး နယ်မြို့များ အတွက် ရေအလှူငွေ စင်္ကာပူဒေါ်လာ ၅၀၀ အား (၁၂-၆-၂၀၁၀) နေ့တွင် အဖွဲ့ဝင် ဦးဝင်းနိုင်ရဲ့ ဇနီး ဒေါ်မြတ်မြတ်စိုးက ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးအပ် လှူဒါန်း ခဲ့ပါတယ်။

သောက်သုံးရေ ရှားပါးခြင်း
လွန်ခဲ့တဲ့ မေလဆန်းပိုင်းလောက်က စပြီး မြန်မာနိုင်ငံမှာ အပူချိန်လွန်ကဲမှု ဖြစ်ပေါ်ကာ ဒေသတချို့မှာ သောက်သုံးရေ ရှားပါးပြီး အချို့ဒေသများမှာ သောက်သုံးရေ ပြတ်လပ်သည်အထိ ဖြစ်ခဲ့ကြတာကို သတင်းအမျိုးမျိုး၊ အီးမေးလ်အသွယ်သွယ်၊ ဓါတ်ပုံ အစုံစုံမှတဆင့် ကြားသိခဲ့ရတာ တော်တော်ကို စိတ်မကောင်း ဖြစ်ခဲ့မိကြပါတယ်...။ အင်းလေးကန် ခန်းခြောက်မှုကိုတောင် အံ့သြဖွယ်ရာ တွေ့မြင် ခဲ့ကြရပါတယ်။
ဒီလိုအခက်အခဲ ဘေးဒုက္ခတွေ ကြုံတွေ့လာကြတော့ ကျန်အများပြည်သူများလည်း မနေနိုင်တော့ပါ။ လက်ရှိ ရှိနေသော လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော NGO အဖွဲ့များသာမက အဖွဲ့အသစ်များပါ ထပ်မံဖွဲ့စည်းခဲ့ကြပြီး တတ်နိုင်သမျှ လုပ်နိုင်သမျှ စွမ်းဆောင်နိုင်သမျှ လုပ်အား ငွေအား စတာတွေနဲ့ သွားရောက် ကူညီခဲ့ကြတာကိုလည်း အားတက် ကြည်နူးဖွယ် တွေ့ခဲ့ကြပါတယ်။
အခုလို အများပြည်သူတွေ အကူအညီနဲ့ ဒေသခံတွေပူပေါင်းပြီး  သောက်သုံးရေများကို နည်းမျိုးစုံ (မီးသတ်ကား၊ ရေစည်လှည်း၊ သောက်ရေသန့်ဗူး၊ စည်ပိုင်းများ... စသဖြင့်) နဲ့ သွားရောက် လှူဒါန်း ကုသိုလ်ယူခဲ့ကြပါတယ်။  ဒါ့အပြင် အချို့ဒေသတွေမှာ သောက်ရေတွင်းများတူး၊ အချို့နေရာတွေမှာ သောက်ရေကန်များတည်... အဲဒီလို ကိုယ်ထူကိုယ်ထ ဆောင်ရွက်လိုက်ကြတာလည်း တကယ်ကို အားတက်စရာပါပဲ။ ယခင် ရေတွင်း ရေကန် မရှိသော ဒေသများမှာပင် ယခု သီးသန့် ရေတွင်း ရေကန်များ နဲ့ အဆင်ပြေပြေ ဖြစ်စေခဲ့ပါတယ်။
ပြည်တွင်းကလူတွေ အခုလို အားတက်သရော လုပ်ခဲ့ကြသလို ပြည်ပရောက် မျိုးချစ်မြန်မာတွေကရော...
ဒီလိုပါပဲ... သူတို့တွေလည်း အဖွဲ့အစည်းတွေဖွဲ့ကြ အလှူငွေတွေကောက်ခံကြ သတင်းတွေဆော်သြကြနဲ့ သူများအတွက် အလုပ်လုပ်နေကြရင်းနဲ့ပင် ကိုယ့်အတွက် (နောင်ဘ၀အထိပါမယ့် ကုသိုလ်) လည်း အားတက်သရော လုပ်ခဲ့ကြပါတယ်။ တချို့အဖွဲ့တွေဆို အပတ်စဉ် ရေအလှူ ဆိုပြီး မြန်မာမှာ ရှိတဲ့ အဖွဲ့တွေ၊ လူခံတွေကို အလှူငွေတွေ လွှဲပို့ပေးခဲ့ကြပါတယ်။
အဲဒီအထဲမှာ ကျွန်တော်တို့ သာသနာ့ရောင်ခြည်(စင်္ကာပူ) အဖွဲ့ဟာလည်း ဘာသာ သာသနာရေးတွင် သာမက လူမှုရေးမှာပါ တစ်တပ်တစ်အား ပါဝင် ကုသိုလ်ယူခဲ့ကြပါတယ်။ ရေအလှူမှာ စွမ်းစွမ်းတမံ ပါဝင် ကုသိုလ်ယူဆောင်ရွက်နေကြတဲ့ အဖွဲ့တွေထဲမှ တဖွဲ့ဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) အား အလှူငွေ ထည့်ဝင်လှူဒါန်းပြီး ကုသိုလ်ယူနိုင်ခဲ့ပါတယ်။
အခြေအနေ အကြောင်းကြောင်းကြောင့် အမိမြေမှာ မခိုကပ်နိုင်ပေမယ့် မွေးရပ်အမိမြေကိုတော့ ဘယ်သူက ဥပက္ခာပြု လစ်လျူရှူ နေနိုင်မှာလဲလေ...

 သာသနာ့ရောင်ခြည်(စင်္ကာပူ) အဖွဲ့ရဲ့ လှူဒါန်းမှုကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အခုလို လက်ခံ ခဲ့ပါတယ်...။
အလှူငွေလက်ခံ စာရင်း

လှူဒါန်းမှုအား လက်ခံရယူနေစဉ် - ၁

 လှူဒါန်းမှုအား လက်ခံရယူနေစဉ်- ၂


 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေး ဆောင်ရွက်မှု မှတ်တမ်းများ

ရေခန်းခြောက်မှု၊ သောက်သုံးရေရှားပါးမှု များကို အောက်ပါမှတ်တမ်းများမှာ ကြည့်ရှူနိုင်ပါတယ်...
၁။ ဧရာဝတီ သတင်း-၁
၂။ ဧရာဝတီ သတင်း-၂
၃။ မိုးမခ သတင်း
၎။ ဗားမား ဒီဗွီဘီ သတင်း
၅။ မဇ္ဈိမ သတင်း
၆။ ခေတ်ပြိုင် သတင်း

*နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လက်ရှိ ဆောင်ရွက်နေမှု မှတ်တမ်းတချို့အား ဖော်ပြပေးလိုက်ပါတယ်။
>>> နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မှတ်တမ်းတင် ဓါတ်ပုံတချို့ <<<

Thursday, June 10, 2010

- အရှင်ဦးဥာဏိဿရ တရားပွဲ သတင်း

ဓမ္မမိတ်ဆွေများခင်ဗျား...
စင်္ကာပူ၌ ပြုလုပ်မည့် သီတဂူဆရာတော်ရဲ့ တရားပွဲသတင်းအား ကုသိုလ်ပွားများ နိုင်ရန် အတွက် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်ပေးလိုက်ပါတယ် ခင်ဗျား....

SayaDaw U Nyanissara (D.Litt)
သပိတ်အိုင်ဆရာတော်
သဲကုန်းဆရာတော်
သီတဂူဆရာတော်
စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ
အရှင်ဦးဥာဏိဿရ တရားပွဲ သတင်း
 
Dear Brothers and Sisters,
We would like to inform you that Sitagu Shin Nyanisara's Dhamma Talk will be held in Singapore as per following programme. All of you are warmly invited.

Dhamma Talk Session -1
               9 Chwee Chian Road Singapore 117488
Date &Time: 10th June, 2010 Thursday - 7pm to 9 pm
Shuttle bus and Guide will be provided at the Habour Front MRT Exit-A
Please note: There is no place to park for private car.

Dhamma Talk Session -2
Location: Informatics Campus12 Science Center Road, S609080 (near Jurong East MRT) 
Date & Time: 12th June, 2010 Saturday - 7pm to 8:30 pm
 
With Metta,
Sitagu Dhamma Service Group

(www.dhammadownload.com) မှ ကူယူဖော်ပြပါသည်။

သူငယ်ချင်း တယောက်ထဲက ရတဲ့ ဖိတ်စာပါ...
အားလုံးပဲ ကုသိုလ် ပွားများနိုင်ကြပါစေ...