“ သာသနာ့ရောင်ခြည် ”

Tuesday, April 26, 2011

- (၁၉) ကြိမ်မြောက်အလှူတော်အတွက် နှိုးဆော်ခြင်း

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
လာမည့် မေလ ၂ ရက် (တနင်္လာနေ့တွင်) သာသာနာ့ရောင်ခြည်အဖွဲ့၏ ၁၉ ကြိမ်မြောက် အလှူတော်အား ကျင်းပပြုလုပ်နေကြဖြစ်သည့် Clementi ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ နေ့ဆွမ်းဆက်ကပ်ပြီး သာဓုအနုမောဓနာ ခေါ်ဆိုကြမည် ဖြစ်ပါသည်။
ထို (၁၉) ကြိမ်မြောက်နှင့်အတူ သာသနာ့ရောင်ခြည်အဖွဲ့ဝင်များ စုပေါင်းတိုင်ပင်ပြီး မြွေဆိပ်ဖြေဆေး အလှူတော် အတွက် စုပေါင်းလှူဒါန်းကြရန်လဲ တိုင်ပင်ထားရှိပါသည်။
အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင်များ စုံစုံညီညီတက်ရောက်ပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ တရားဘာဝနာ နာယူကြည်ညို သာဓုခေါ်ဆိုနိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော် လိုက်ရပါသည်။
အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ။

သာနာ့ရောင်ခြည်အဖွဲ့

Friday, January 28, 2011

- သာသနာ့ရောင်ခြည် ကမ္ဘာတည်

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့..
သာသာနာ့ရောင်ခြည်အဖွဲ့၏ ၁၇ ကြိမ်မြောက် အလှူတော်အား လာမည့် ဖေဖော်ဝါရီလ ၆ ရက် (06-02-2011) တနင်္ဂနွေနေ့ ၁၀ နာရီအချိန်တွင် Clementi ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်အပေါင်း အနေဖြင့် အဖွဲ့ဝင်များနှင့်အတူ ရေစက်သွန်းချ အမျှပေးဝေနိုင်ကြပါရန် ကြိုတင် အသိပေးနှိုးဆော် အပ်ပါသည်။ အဖွဲ့ဝင်အားလုံး စုံစုံညီညီ တက်ရောက်ပြီး သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြမည်ဟု ယုံကြည်မိပါသည်။


အားလုံးသော အဖွဲ့ဝင်အပေါင်း ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဓနာ ခေါ်ဆို ကြည်နူးနိုင်ရန် အတွက် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းဖောင်တော်ဦး ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှ ဂုဏ်ပြုပေးပို့အပ်သော အလှူတော် ဂုဏ်ပြုမှတ်တမ်းလွှာအား တင်ပြပေးပို့ အပ်ပါသည်။



တို့လူငယ်အဖွဲ့ စိတ်အားညီ
သာသနာ အကျိုး၊ လူမှုအကျိုး
တတ်အားသမျှ လက်ကူညီ
စိတ်အားညီညီ တက်လှမ်းချီ
သာသနာ့ရောင်ခြည်
ကမ္ဘာတည်။

လစဉ်ဒါန ဝေမျှကူညီ
တစ်ဆယ့် ခွန်နစ် တိုင်ခဲ့ပြီ။
စိတ်အားထက်သန် စုပေါင်းညီ
သာသနာ့ရောင်ခြည်
ကမ္ဘာတည်။

     အဖွဲ့ဝင်အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် အစဉ်ထားဝရ ပြည့်စုံအောင်မြင်နိုင် ကြပါစေ။

Tuesday, January 4, 2011

- အောင်မြင်ခဲ့ပြီ မန်းဌာနီသို့........

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့..
သာသာနာ့ရောင်ခြည်အဖွဲ့၏ ၁၇ ကြိမ်မြောက် အလှူတော်အား လာမည့် ဖေဖော်ဝါရီလ ၆ ရက် (06-02-2011) တနင်္ဂနွေနေ့ ၁၀ နာရီအချိန်တွင် Clementi ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်အပေါင်း အနေဖြင့် အဖွဲ့ဝင်များနှင့်အတူ
ရေစက်သွန်းချ အမျှပေးဝေနိုင်ကြပါရန် ကြိုတင် အသိပေးနှိုးဆော် အပ်ပါသည်။

ထိုထက်များစွာ သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါရန် အောက်ပါ သတင်းလေးအား မျှဝေပေးအပ်ပါသည်။

သာသနာ့ရောင်ခြည်အဖွဲ့၏ စည်လုံးညီညွတ်မှု.. ကုသိုလ်ပြုအား ထက်သန်မှုတို့ အရင်းတည်ပြီး ယခင်လများမှ စဉ်းစားတိုင်ပင်ခဲ့ကြသည့် အလှူတော်တစ်ခု အထမြောက် အောင်မြင်ခဲ့ပြီ ဖြစ်ပါသည်။ အဖွဲ့ဝင်များ ညှိနှိုင်းတိုင်ပင်ခဲ့ကြသည့် အတိုင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စိန်ပန်း ဖောင်တော်ဦး ဘုန်းတော်ကြီးသင် မူလတန်းကျောင်းအတွက် အလှူတော်ငွေ မြန်မာကျပ် ရှစ်သိန်းတိတိ အား ပညာရေးအလှူဒါနအဖြစ် ပေးအပ်လှူဒါန်းမှု ပြုလုပ်ကြမည် ဖြစ်ပါသည်။
အဖွဲ့ဝင်များ၏ စိတ်အားထက်သန်မှုမှာ ထိုထက်များစွာ လှူဒါန်းမှု ပြုလုပ်ကြမည့် စိတ်ထားအရင်းခံ ဖြစ်ပါသည်။ အဖွဲ့ဝင်တစ်ယောက် ပြောစကား ဝေမျှရရင်... ဖြစ်နိုင်လို့ ရှိရင် မြန်မာပြည်မှာ လိုအပ်သမျှ နေရာအားလုံး ကျနော်တို့ သာသာနာ့ရောင်ခြည်အဖွဲ့မှ အားလုံးကို လှူဒါန်းလိုက်ချင်တာ.....ထိုစကားကြားပြီး ၀မ်းသာပိတိ ဂွမ်းဆီထိသို့။
လာမည့် ဇန်န၀ါရီလ ၈ ရက်နေ့တွင် အဖွဲ့ဝင် ကိုအောင်မြင့် မှ မန္တလေးမြို့သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။ လှူဒါန်းမှု အစုစုအတွက် ကုသိုလ်စိတ်ပွား သာဓုအနုမောဓနာ ခေါ်ယူကြည်နူးနိုင်ကြပြီ ဖြစ်ပါသည်။
တစ်ယောက်အားနှင့် ယူသော်မရ။ စည်လုံးညီညွတ်မှု အများအင်အားဖြင့် ယူသော် ရ၏....တဲ့။ ထိုစကား လက်ကိုင်ထားကာ သာသနာ့ရောင်ခြည်အဖွဲ့ဝင်များအနေဖြင့် စည်းလုံးညီညွတ် ရိုင်းပင်းမှုတို့ဖြင့် သာသနာ့ရောင်ခြည်အဖွဲ့အား စိတ်အား..စေတနာအား..ညီညွတ်မှု အားများဖြင့် ထာဝရတည်တံ့ခိုင်မြဲအောင် လက်တွဲလုပ်ဆောင်ကြဘို့ အဖွဲ့ကိုယ်စား မေတ္တာရပ်ခံ အပ်ပါသည်။
သာသနာ့ရောင်ခြည်အဖွဲ့သားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် အစဉ်ထာဝရ ပြည့်စုံအောင်မြင်နိုင်ကြပါစေ.......

Thursday, December 2, 2010

- Toa Payoh ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမည့် ဗန်းမော် ဆရာတော်ဘုရားကြီး၏ တရားပွဲ


ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့.......
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗုဒ္ဓစာပေပါရဂူ ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ ပဋ္ဌာန်းဒေသနာနှင့် ဓမ္မစင်္ကြာ တရားပွဲကြီးကို စင်္ကာပူနိုင်ငံတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
 
ကျင်းပမည့်နေရာ
Toa Payoh ဘုန်းကြီးကျောင်း၊
(စင်္ကာပူနိုင်ငံ မြန်မာ ဘုန်းတော်ကြီးကျောင်း)

Burmese Buddhist Temple (Topayoh) 14 Tai Gin Road.

ကျင်းပမည့်နေ့ရက်နှင့် အချိန်များ

ပဋ္ဌာန်းတရားပွဲ --- ၂-၁၂-၂၀၁၀ ---- ကြာသပတေးနေ့--ည ၇ မှ ၈း၃၀ ထိ
ပဋ္ဌာန်းတရားပွဲ --- ၃-၁၂-၂၀၁၀ ---- သောကြာနေ့     --ည ၇  မှ ၈း၃၀ ထိ
ဓမ္မစင်္ကြာတရားပွဲ--၄-၁၂-၂၀၁၀ ---- စနေနေ့            --ည ၆း၃၀ မှ ၈း၃၀ ထိ
ပဋ္ဌာန်းတရားပွဲ --- ၅-၁၂-၂၀၁၀ ---  တနင်္ဂနွေနေ့       --ည ၇  မှ ၈း၃၀ ထိ
ပဋ္ဌာန်းတရားပွဲ --- ၆-၁၂-၂၀၁၀ ---  တနင်္လာနေ့        --ည ၆း၃၀ မှ ၈း၀၀ ထိ
ကမ္ဘာ့ပဋ္ဌာန်းပူဇော်ပွဲကြီး--၆-၁၂-၂၀၁၀ --- တနင်္လာနေ့ -- ည၈း၀၀ မှ ၈း၃၀ နာရီထိ

တရားပွဲဖြစ်မြောက်ရေးအတွက် ဆက်သွယ်လှူဒါန်းရန်-
ကိုဝင်းထွန်းဆင့်        ၉၀၂၂၃၆၄၃

ကိုအောင်ပြည့်စုံအေး  ၉၁၁၉၇၃၆၁
ဦးထင်ကျော်            ၉၄၂၄၂၉၆၁
မကြည်ပြာဝင်း          ၉၄၈၉၄၆၂၂-- POSB Savings 189691882
မသီသီဝင့်ဝါကို         ၉၁၀၅၅၄၄၄-- POSB Savings 245834047
ဦးကျော်လွင် (Dhammadownload) ၉၇၃၆၅၀၃၄
ဦးကျော်ဝဏ္ဏ            ၈၂၃၆၉၁၅၉
ဦးသန်းမြင့်ဦး            ၉၂၉၅၉၅၁၀
ဒေါ်ခင်မမ                ၉၇၃၃၄၃၀၂   ထံသို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်
တရားပွဲများကို 
http://www.lotusdhamma.blogspot.com/
http://www.lotusfoundationmm.org/
http://livedhamma.com
အဖြူရောင်သံစဉ် http://www.apytz.net/  တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
 
Flight Details
1/12/2010 – Silk Air (MI517) Terminal 2
- Arrival Time To Singapore - 21:15 pm (Singapore)

7/12/2010 – Silk Air (MI518) Terminal 2
- Departure Time from Singapore - 2:20pm (Singapore)

 Email မှ တဆင့် ဖြန့်ဝေ၍ ကုသိုလ်ယူပါသည်။

Friday, October 1, 2010

- ၂၀၁၀ အောက်တိုဘာလ တရားပွဲများ

သာသနာ့နွယ်ဝင် သူတော်စင်များ တရားဘာဝနာ နာယူနိုင်ရန်-

စင်္ကာပူမှာ မကြာခင် ကျင်းပပြုလုပ်မယ့် တရားပွဲသတင်းများကို လက်လှမ်းမီသလောက် စုစည်း တင်ပြပေးလိုက်ပါတယ်။

Dhamma Talk Session-1
Date: 2 Oct 2010                                           
Monk: Ashin Pyin Nyar Sekkha (from Jayamangala Buddhist Vihara - Clementi Temple)
Place: Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT)
Time: 5:30pm to 7:30pm

Dhamma Talk Session-2
Date: 3 Oct 2010
Monk: Dr-Ashin-Jayatissa (from ThitSarParyami)
Place: 12 Science Center Rd, Infomatics Campus, Blk A, #02-12, Jurong East MRT
Time: 9am to 6pm

Dhamma Talk Session-3
Date: 3 Oct 2010
Monk: Sayadaw U Siri Dhamma (from Sasanaramsi Burmese Buddhist Temple)
Place: Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT)
Time: 5:00pm to 7:00pm

Dhamma Talk Session-4
Date: 3 Oct 2010
Monk: Sitagu Sayadaw Dr U Nyanissara
Place: Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT)
Time: 7:30pm to 9:00pm

အားလုံးပဲ ကုသိုလ်ယူနိုင်ကြပါစေ...
http://dhammadownload.com မှ ကူးယူဖော်ပြလိုက်ပါတယ်။