“ သာသနာ့ရောင်ခြည် ”: သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၄ ကြိမ်မြောက် အလှူတော် (၂၄ ကြိမ် တိုင်ခဲ့ပြီ... ညီညွှတ်ကြ..စည်းလုံးကြ..တိုင်ပင်ကြ........

Friday, February 10, 2012

သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၄ ကြိမ်မြောက် အလှူတော် (၂၄ ကြိမ် တိုင်ခဲ့ပြီ... ညီညွှတ်ကြ..စည်းလုံးကြ..တိုင်ပင်ကြ........

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
သာသနာ့ရောင်ခြည် အဖွဲ့၏ ၂၄ ကြိမ်မြောက် အလှူတော်အား လာမည့် 04-March-2012 (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ မှ စတင်ပြီး ညောင်ကန်အေး သာသနာ့ရိပ်သာ (Room 141, Level-02, Block-209, Yishun Street 21) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ အဖွဲ့သား အားလုံးနှင့်အတူ အတူတကွ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆို ကြည်ညို နိုင်ပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည်။

သာသနာ့ရောင်ခြည်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်စရာများ အတူတကွဆွေးနွေး နိုင်ရန်အတွက် အဖွဲ့ဝင် အားလုံး တက်ရောက်ကြမည်ဟု မျှော်လင့်ထားမိပါသည်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။ ...

* တခြားအလှူရှင်များစွာဖြင့် တိုက်ဆိုင်နေပါသဖြင့် 04-Mar-2012, အဆင်ပြေသည့်နေ့ ရွေးလိုက်ရပါသည်။

No comments:

Post a Comment