“ သာသနာ့ရောင်ခြည် ”: (၁၀)ကြိမ်မြောက်အလှူတော်အတွက် နှိုးဆော်ခြင်း

Monday, May 24, 2010

(၁၀)ကြိမ်မြောက်အလှူတော်အတွက် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေများခင်ဗျား......
လာမည့် မေလ (၃၀) ရက် တနင်္ဂနွေနေ့တွင် သာသနာ့ရောင်ခြည်အဖွဲ့၏ (၁၀) ကြိမ်မြောက်အလှူတော်ကို clementi ကျောင်းတော်၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
  • အလှူအတန်းအစီအစဉ်များမှာ နေ့ခင်း (၁၁)နာရီ တွင် ဆရာတော်အား နေ့ဆွမ်း ဆက်ကပ်ပါမည်။
  • ကြွရောက်လာသော ဓမ္မမိတ်ဆွေများကို မနက် (၉:၃၀) နာရီမှ စတင်၍ ဒံပေါက် ဖြင့် ဧည့်ခံပါမည်။
  • ထို့နောက် ဆရာတော်အား လှူဒါန်းဖွယ်ရာများ ဆက်ကပ် လှူဒါန်းပြီးနောက် ဆရာတော်ထံမှ ရေစက်ချတရား စုပေါင်းနာယူ ကြမှာ ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများ အားလုံး ကြွရောက် ကုသိုလ် ယူကြပါရန် ဖိတ်ကြားအပ်ပါသည်။
 ( ဓမ္မမိတ်ဆွေများအားလုံးခင်ဗျား Clementi ကျောင်းတော်တွင် နေ့ခင်းပိုင်း ၁နာရီ ၌ ထူးကြီးဆရာတော်တရားပွဲ ရှိပါသဖြင့် သာသနာ့ရောင်ခြည်၏ အလှူတော်ကို နေ့ခင်း ၁၂ နာရီတွင် ပြီးစီးအောင် ကျင်းပမည်ဖြစ်ရာ ဓမ္မမိတ်ဆွေများအားလုံး စောစောကြွရောက်ကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။ )

No comments:

Post a Comment