“ သာသနာ့ရောင်ခြည် ”: - သာသနာ့ရောင်ခြည် ကမ္ဘာတည်

Friday, January 28, 2011

- သာသနာ့ရောင်ခြည် ကမ္ဘာတည်

အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့..
သာသာနာ့ရောင်ခြည်အဖွဲ့၏ ၁၇ ကြိမ်မြောက် အလှူတော်အား လာမည့် ဖေဖော်ဝါရီလ ၆ ရက် (06-02-2011) တနင်္ဂနွေနေ့ ၁၀ နာရီအချိန်တွင် Clementi ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အားလုံးသော အဖွဲ့ဝင်အပေါင်း အနေဖြင့် အဖွဲ့ဝင်များနှင့်အတူ ရေစက်သွန်းချ အမျှပေးဝေနိုင်ကြပါရန် ကြိုတင် အသိပေးနှိုးဆော် အပ်ပါသည်။ အဖွဲ့ဝင်အားလုံး စုံစုံညီညီ တက်ရောက်ပြီး သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြမည်ဟု ယုံကြည်မိပါသည်။


အားလုံးသော အဖွဲ့ဝင်အပေါင်း ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဓနာ ခေါ်ဆို ကြည်နူးနိုင်ရန် အတွက် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းဖောင်တော်ဦး ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှ ဂုဏ်ပြုပေးပို့အပ်သော အလှူတော် ဂုဏ်ပြုမှတ်တမ်းလွှာအား တင်ပြပေးပို့ အပ်ပါသည်။



တို့လူငယ်အဖွဲ့ စိတ်အားညီ
သာသနာ အကျိုး၊ လူမှုအကျိုး
တတ်အားသမျှ လက်ကူညီ
စိတ်အားညီညီ တက်လှမ်းချီ
သာသနာ့ရောင်ခြည်
ကမ္ဘာတည်။

လစဉ်ဒါန ဝေမျှကူညီ
တစ်ဆယ့် ခွန်နစ် တိုင်ခဲ့ပြီ။
စိတ်အားထက်သန် စုပေါင်းညီ
သာသနာ့ရောင်ခြည်
ကမ္ဘာတည်။

     အဖွဲ့ဝင်အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် အစဉ်ထားဝရ ပြည့်စုံအောင်မြင်နိုင် ကြပါစေ။

No comments:

Post a Comment